Friday, May 31, 2013

ကောင်မလေး…ညည်းဖတ်ဖို့ ငါရေးလိုက်တယ်

ကောင်မလေး……ညည်းဖတ်ဖို့ ငါရေးလိုက်တယ် ( ပိုးဟေသီကို အသက်နှစ်နှစ်ပြည့်မွေးနေ့ အမှတ်တရကဗျာ )



ဟဲ့ ....ကောင်မလေး
ညည်းနဲ့ငါ အသက် ( ၁၆) နှစ်လောက် ကွာတယ်
အဲဒါ ညည်းသိရဲ့လား။

ဟဲ့……….ကောင်မလေး
ညည်း လူ့လောကထဲ ရောက်ဖို့
ညည်းအမေဟာ သေမင်းနဲ့ အသေအကြေစစ်ခင်းခဲ့ရတာ
သချိုင်းကုန်းမှာ စရန်တစ်ဝက် ကြိုပေးခဲ့ရတာ
အဲဒါညည်းသိရဲ့လား။

ဟဲ့……..ကောင်မလေး
ညည်း လူ့လောကထဲ ရောက်တဲ့ သတင်းကြားကြားချင်း
ညည်းအဖေဟာ တစ်ကမ်ဘာလုံး သူ့လက်ထဲ ရောက်လာတဲ့အလား
ရင်ခုန်လှိုက်မောသွားခဲ့ရတာ
အဲဒါ ညည်းသိရဲ့လား။

Sunday, May 5, 2013

နှစ်ဆယ့်တစ်ရာစုရဲ့ ကျွန်တော်၊ ကျွန်မတို့ကြားမှာ ဒီလို…ဒီလို…ရှိတယ်



                                                                                                  -အဖွင့်-


From- hteteithadar@gmail.com
To – lovelyguy.kisskiss@gmail.com

လျှပ်ချောစာ(Email)အမှတ် (၁/၂၀၁၃)ထက်အိသဒ္ဒါမှ နေပိုင်ခန့်သို့

နေ့ရက် - ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်။




မောင်…

မောင့်ကိုတို့ ဘယ်လိုပြောမှ ရမှာလဲဟင်…မောင်။ တို့ စိတ်ညစ်တာပဲ သိတော့တယ် မောင်ရယ်။ မောင်ပဲတို့နဲ့ မခွဲချင်ဘူးဆို။ တို့ကို သိပ်ချစ်တာပဲဆို။ ဒါဆို တို့ ဖြစ်စေချင်တဲ့အတိုင်းဘာလို့ မနေနိုင်ရတာလဲဟင်…မောင်။

မောင်ဒီလိုပဲ ဆက်နေသွားမယ်ဆိုရင် မောင်နဲ့တို့ ဝေးရဖို့ပဲ ရှိတော့တယ်မောင်။ ခုဆို ဖေဖေနဲ့မေမေကလည်း တို့နဲ့ မောင်အကြောင်းသိသွားပြီ။ တို့ အရင်လို လွတ်လွတ်လပ်လပ်နေလို့မရတော့ဘူး။တို့ဖုန်းကိုလည်း သိမ်းထားလိုက်ပြီ။ ခုဆို ပြောစရာရှိရင် ဖူးပွင့်ခိုင်ဖုန်းနဲ့ ပြောနေရတာ။ပြီး တို့တောင် မသိတဲ့ လူတွေက တို့ကို အချိန်တိုင်း လိုက်ကြည့်နေတာ မောင်သိရဲ့လား။ဒါကြောင့် မောင့်ကို တို့အပြင်ထွက်တိုင်း လိုက်လိုက်မလာနဲ့လို့ ပြောနေတာ။ နောက်ပြီးအဆောင်ရှေ့ကိုလည်း ခဏခဏ မလာပါနဲ့တော့။ မောင်က ဆိုင်ကယ်တစ်စီးနဲ့ အဆောင်ရှေ့ လမ်းသလားနေရင်တို့အတွက် အခြေအနေမကောင်းနိုင်ဘူးမောင်။ ဖူးပွင့်ခိုင်ကလည်း မောင်နဲ့ တို့အကြောင်းတွေကိုအရင်လို အစအဆုံးဖုံးဖိပေးနိုင်တော့မှာ မဟုတ်ဘူးမောင်။ ဖေဖေနဲ့ မေမေက သူ့ကိုပါ စပိုင်လုပ်ခိုင်းထားတာ။ဒါပေမယ့် တော်ပါသေးတယ်။ သူက အကုန်တော့ ပြန်မပြောပါဘူးတဲ့၊ တို့ကို ကတိပေးတယ်။ ဒါပေမယ့် တို့အတွက် နစ်နာလာနိုင်တာ၊ ထိခိုက်လာနိုင်တာမျိုးဆိုရင်တော့သူ အသိပေးရလိမ့်မယ်တဲ့။