Friday, April 26, 2013

ကျောင်းစာကြည့်တိုက်များ တံခါးဖွင့်ထားပေးပါ




ကျွန်တော်ကြားဖူးတာတစ်ခုရှိပါတယ်။ သူများနိုင်ငံတွေမှာ မူလတန်းကျောင်းသားတွေအဖို့ ဘယ်စာအုပ်တွေ၊ ဘယ်ဝတ်ထုတွေကို ဖတ်ရမယ်၊ အလယ်တန်းကျောင်းသားတွေအဖို့ ဘယ်စာအုပ်တွေကို ဖတ်ကိုဖတ်ရမယ်၊ အထက်တန်းကျောင်းသားတွေအဖို့ ဘယ်စာအုပ်တွေကို ဖတ်ကို ဖတ်ရမယ်၊ တက်ကသိုလ်ကျောင်းသားတွေအဖို့ ဘယ်စာအုပ်တွေကို ဖတ်ရမယ်၊ အဲဒီစာအုပ်တွေကိုမှ မဖတ်ဖူးဘူးဆိုရင် အဲဒီ စာသင်တန်းကို တက်ရောက်ဖို့ အဆင့်မမီဘူးလို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ နောက် ဘ၀တစ်သက်တာ မသေခင်အချိန်လေးအတွင်းမှာ ဖတ်ကို ဖတ်ရမယ့်၊ မဖြစ်မနေ ဖတ်ဖူးသင့်တဲ့ စာအုပ်တွေစာရင်းပြုစုပေးထားတာမျိုးတွေရှိပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် သူများနိုင်ငံတွေမှာ စာအုပ်စာပေကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို သိမြင်နိုင်သလိုပဲ တစ်ဆက်တည်း တွေးနိုင်တာက စာအုပ်စာပေဟာ ဒီလောက်တောင် လူတွေရဲ့ လောကမှာ လိုအပ်ပါလားဆိုတာကို ဆင်ခြင်မိကောင်း ဆင်ခြင်မိကြပါလိမ့်မယ်။ အဲဒီလို စာအုပ်စာပေတွေကို ကလေးသူငယ်အရွယ်ကတည်းက မဖတ်မနေရ သတ်မှတ်ထားတဲ့ နိုင်ငံတွေဟာ ကမ်ဘာမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတွေဖြစ်နေတာကို ကြည့်မယ်ဆိုရင် စာအုပ်တွေဟာ လူတွေကို သေချာပေါက်ကောင်းကျိုးများစွာ ဖြစ်ထွန်းစေနိုင်တယ်လို့ သုံးသပ်လို့ရပါတယ်။ သူတို့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရေစီးမှာ စာအုပ်တွေရဲ့ ပံ့ပိုးထောက်ပံ့စွမ်းအားက တော်တော်ကြီးမားတယ်ဆိုတာကို ကျွန်တော်တို့ ခန့်မှန်းကြည့်လို့ရပါတယ်။ ဒီတော့ တိုးတက်ထွန်းကားနေတဲ့ ခေတ်မီနိုင်ငံတွေက နိုင်ငံကြီးသားတွေဟာ စာအုပ်စာပေကို နှစ်သက်မြတ်နိုးခုံမင်စွာ ဖတ်ရှုတတ်ကြတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိတော့ပါဘူး။

Tuesday, April 16, 2013

ကျွန်တော်တို့ခေတ် တက္ကသိုလ်(၃)၊ စာမူရှင်များအား ဂုဏ်ပြုပွဲနှင့် ပရဟိတအသင်းလှုပ်ရှားမှု

ကျွန်တော်တို့ခေတ် တက္ကသိုလ်(၃)၊ စာမူရှင်များအားဂုဏ်ပြုပွဲနှင့် ပရဟိတအသင်းလှုပ်ရှားမှု




သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဖက်ရည်ဆိုင်ဟောင်းနေရာမှာ ကျင်းပခဲ့တဲ့ စာမူရှင် ဂုဏ်ပြုပွဲ


ထာဝရရွှေကြယ်လူငယ်စာစဉ်လေး ထွက်ပြီးသွားပြီဆိုတော့ ချက်ချင်း ခေါင်းစားရသည်က စာမူရှင်များအတွက် ဂုဏ်ပြုပွဲ။ မလုပ်ပေးလို့လည်း မကောင်း။ စာမူဖိတ်ခေါ်စာကြော်ငြာကတည်းက စာမူခ မချီးမြှင့်ပေးနိုင်လျှင် ထိုက်တန်သောအနုပညာဂုဏ်ပြုပွဲတစ်ခုဖြင့် ကျေးဇူးတုံ့ပြန်သွားမည်ဖြစ်ပါသည်ဆိုပြီး အာမဘန်တေခံထားသည်ဆိုတော့ မဖြစ်ဖြစ်သည့် နည်းဖြင့်တော့ ဂုဏ်ပြုပွဲကို ကျင်းပပေးရမည်။ စာမူရှင်များ တစ်စုတစ်ဝေးတည်းတွေ့ဆုံကာ ခင်မင်ရင်းနှီးကြစေရန်မှာလည်း ကျွန်တော့်အဖို့ အတော်လေး ပြင်းပြင်းပြပြဆန်ဒဖြစ်ခဲ့သည်။ ကိုယ်က မဂ်ဂဇင်းတချို့မှာ စာကလေး ပေါက်စနိုးပေါက်စန ရေးနေသူပင် ကလောင်မိတ်ဆွေအချင်းချင်း ရင်းနှီးခင်မင်ရသည့်အရသာက အင်မတန် နွေးထွေးရွှင်မြူးဖွယ်ကောင်းလှသည်ဖြစ်ရာ ကိုယ်တို့စာစဉ်လေးမှ စာမူရှင်အချင်းချင်းကိုလည်း ယင်းသို့သော ဆက်ဆံရေးမျိုးဖြင့် ချည်နှောင်မိသွားစေချင်သည်။ သည်တော့ စာမူခပေးဖို့ထက် ဂုဏ်ပြုပွဲလုပ်ဖို့ကိုသာ စိတ်အားထက်သန်နေဖြစ်ခဲ့သည်။ အမှန်တော့ စာမူရှင်အားလုံးကို စာမူခပေးနိုင်လောက်အောင်လည်း ငွေရေးကြေးရေးက လုံလောက်ပြည့်စုံမှုမရှိပါ။ နည်းပညာတက်ကသိုလ်ဘက်မှာ ရောင်းပေးသည့် ကလောင်ရှင်က စာအုပ်ဖိုးများကို  မပေးရသေး။ နည်းပညာတက်ကသိုလ်က မြို့ပြင် သမ်ဗုဒ်ဓေ၊ ဗောဓိတစ်ထောင်နားမှာဆိုတော့ ကျွန်တော်တို့လည်း သွားမယူနိုင်၊ သည်ဘက်မှာ နောက်ဆက်တွဲ စာအုပ်ရောင်းတာ၊ ဂုဏ်ပြုပွဲအတွက် စီစဉ်တာလုပ်ရဦးမည်ဆိုတော့ စာအုပ်ဖိုးများကို ပွဲနေ့မှသာ ယူခဲ့ပါတော့ဟု မှာထားရသည်။

Saturday, April 6, 2013

ကျွန်တော်တို့ခေတ် တက္ကသိုလ် (၂)၊ ထာဝရရွှေကြယ်လူငယ်စာစဉ်

ကျွန်တော်တို့ခေတ် တက္ကသိုလ် (၂)
 
ထာဝရရွှေကြယ်လူငယ်စာစဉ်

ထာဝရရွှေကြယ်လူငယ်စာစဉ်

ငယ်စဉ်ကတည်းက စာဖတ်ကျင့်ကို ပြုစုပျိုးထောင်ပေးခဲ့သော မေမေ့ကျေးဇူးကြောင့် ကျွန်တော်သည် စာရေးခြင်းအမှုကို စိတ်ဝင်တစားရှိခဲ့ရသည်။ ဘယ်လိုမှ စိတ်မထိန်းနိုင်သည့်အဆုံးတွင် မိမိခံစားမိသည်များ၊ မိမိစာဖွဲ့လိုသောအကြောင်းအရာလေးများကို အက်ခရာစီစဉ်ပြီး ၀တ်ထု၊ ဆောင်းပါး၊ အစရှိသည့် စာပေများအသွင် ကူးပြောင်းသီကုံးခဲ့သည်။ သည်လိုနှင့် ကျိုးတိုးကျဲတဲ စာကလေးများရေးသားနေသူတစ်ဦး ဖြစ်လာခဲ့ရသည်။ စာဖတ်သူတစ်ဦးဖြစ်သည်နှင့်အညီ ဖတ်ရှုရသော စာများထဲမှ မိမိနှစ်ခြိုက်ဘ၀င်ကျရသော အကြောင်းအရာ၊ အမှုကိစ်စလေးများကို ကိုယ်တိုင် လုပ်ဆောင်ကြည့်ရန်လည်း အလေ့ထုံခဲ့သည်။ အထူးသဖြင့် စာပေနှင့်ဆက်စပ်သည့် ကိစ်စများဆိုလျှင်ပေါ့….။ 

ဆရာမင်းလူသည် ကျွန်တော် နှစ်သက်သဘောကျရသည့် စာရေးဆရာများထဲမှ တစ်ဦးဖြစ်ပါသည်။ ပန်းကျောင်းဆိုသည့် ကျောင်းသားလူငယ်ဝတ်ထုလေးမှ စတင်စွဲလန်းခဲ့ရပြီး မင်းလူဟူသောစာတန်းပါသည့် စာတိုင်းကို မက်မက်စက်စက်ဖတ်ဖြစ်ခဲ့သည်။ ဆရာမင်းလူ၏ တက်ကသိုလ်ကျောင်းသားကျောင်းသူ ဇာတ်ကောင်များဖြင့် ရက်ဖောက်ဖွဲ့သီထားသော ၀တ်ထုများသည် ကျွန်တော့်အပေါ် အတော်ကြီး လွှမ်းမိုးခဲ့ဖူးလေသည်။ ဆရာ့ဝတ်ထုထဲမှ တက်ကသိုလ်ကို ဖတ်ရှုမြင်ယောင်ရပြီး ကိုယ်တက်ရမည့် တက်ကသိုလ်ကိုလည်း စိတ်ကူးမှန်းဆခဲ့ဖူးသည်။