Sunday, March 31, 2013

၉၆၉၊ မိတ်ထီလာ၊ အကြမ်းဖက်ပဋိပက်ခနှင့် အစ်စလာမ်ဘာသာဝင်တစ်ဦး၏ လွတ်လပ်သောအမြင်


၉၆၉၊  မိတ်ထီလာ၊  အကြမ်းဖက်ပဋိပက်ခနှင့် အစ်စလာမ်ဘာသာဝင်တစ်ဦး၏ လွတ်လပ်သောအမြင်


ဒီပြသနာက ဘယ်က ဘယ်လို စတင်ခဲ့သလဲဆိုတာ အရင်းစစ်ကြည့်ရင် ကျွန်တော်ကတော့ ၉၆၉လှုံ့ဆော်မှုတွေက စတင်ခဲ့တယ်လို့ ဆိုချင်မိတယ်။  ၉၆၉၊ ၉၆၉ နဲ့ အစက ဘာမှန်းမသိပါဘူး။ သူများတွေ ထင်သလို ချဲဂဏန်းပေးနေတယ်ပဲထင်တာပါ။ နောက်ကျမှ ၇၈၆ကို ဆန့်ကျင်ဖို့ ၉၆၉ ဆိုပြီးလုပ်တာမှန်းသိရပါတယ်။ ၉၆၉ ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ အစ်စလာမ်ဘာသာဝင်တွေ ကွယ်ပျောက်သွားဖို့၊ အစ်စလာမ်ကို ဆန့်ကျင်ဖို့ ပါ။ လုပ်ဆောင်ချက်အနေနဲ့ကတော့ အစ်စလာမ်ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေမှာ လုံး၀၀ယ်ယူအားပေးခြင်းမပြုဘဲနဲ့ အစ်စလာမ်တွေ မြန်မာပြည်ထဲမှာ နေထိုင်လို့ မရအောင် လုပ်ဖို့ပါတဲ့။ တစ်ရက်မ၀ယ်ရင်၊ တစ်ရက်၊ တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ၊ တစ်လကနေ တစ်နှစ်၊ ဒီလိုနဲ့ နောက်ဆုံးမှာ မွတ်ဆလင်တွေ မြန်မာနိုင်ငံထဲမှာ ၀မ်းရေးအတွက် ရှာဖွေစားသောက်လို့မရတော့ဘဲ  မြန်မာပြည်ထဲကနေ ထွက်သွားကြရမယ်။ ဒါမှသာ အနာဂတ်မြန်မာနိုင်ငံကြီးကောင်းလိမ့်မယ်၊ စသဖြင့် ၀ါဒဖြန့်ကြတယ်။ 
အဲဒီကာလတုန်းကတော့ ကျွန်တော်က ရယ်ချင်မိတာပဲသိတယ်။ လူထုကို ဆူပူအောင် လုပ်ချင်တဲ့ ဦးနှောက်မဲ့လူယုတ်မာတွေနဲ့ ဘုမသိဘမသိ ဖြုတ်ဦးနှောက်တွေရဲ့ အမျိုးဘာသာသာသနာကို ချစ်ချင်ယောင်ဆောင်ပြီး လူမျိုးရေးမုန်းတီးအောင် သွေးခွဲနေမှုတစ်ခုလို့ သဘောပေါက်ပြီး ရယ်ဟဟလုပ်နေခဲ့တယ်။ စဉ်းစားလဲကြည့်ကြပါ။ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေဟာ ဗုဒ်ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန်ဒူဘာသာဝင်တွေနဲ့အတူ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်လာခဲ့ကြတာပါ။ တိုင်းပြည်ဆူပူအောင် အစိုးရက လုပ်ချင်တဲ့အခါ ကုလား-ဗမာ ( မွတ်ဆလင်- ဗုဒ်ဓ ) တိုက်ပေးတော့မှသာ ဆင်ခြင်တုံတရားအားနည်းသူတွေကြား တစ်ယောက်နဲ့ တစ်ယောက် သံသယတွေပွားခဲ့ကြရတာပါ။ ဖြစ်စဉ်တွေကို အမှန်တကယ် တွေးဆသုံးသပ်နိုင်တဲ့၊ အလကားနေရင်း လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုမရှိတဲ့လူများစုကြီးကြောင့် ဒီနေ့အထိ အတူတကွ ယှဉ်တွဲနေထိုင်လာနိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မွတ်ဆလင်ဘာသာဝင်တွေထဲက မြန်မာနိုင်ငံကောင်းကျိုးအတွက် အသက်စွန့် ကြိုးပမ်းထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားတွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ ဒီမွတ်ဆလင်ဘာသာဝင်တွေကို တိုင်းပြည်ထဲက နှင်ထုတ်မယ်ဆိုပြီး ကြိုးပမ်းဆောင်ရွက်မှုဟာ ဗုဒ်ဓဘာသာဝင်နိုင်ငံသားတွေကြားမှာကိုကို ကန့်ကွက်လိုသူတွေက ဒုနဲ့ဒေး၊ ပစ်မလွဲရှိနေမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ တစ်သက်လုံးရင်းနှီးချစ်ခင်စွာ နေထိုင်လာကြပြီး  ဒီ ၉၆၉ဆိုတဲ့ လှုံ့ဆော်မှုလေးကြောင့်နဲ့  လူသားတစ်ဦးနဲ့ တစ်ဦးအကြားက သံယောဇဉ်တွေ၊ ဆက်စပ်ပတ်သတ်မှုတွေ၊ ခင်မင်ရင်းနှီးမှုတွေကို ဖျက်ဆီးပစ်လိုက်ဖို့ရာ ဘယ်သူက လုပ်နိုင်မှာတဲ့လဲ။ ဒီတော့ကာ ကျွန်တော့်အဖို့  ၉၆၉ဆိုတာကြီးက ဟာသကြီးပဲဖြစ်နေခဲ့တယ်။ လေ့လာကြည့်ရသလောက်တော့ ဗုဒ်ဓဘာသာဝင်တွေထဲမှာကိုကို ဒီ ၉၆၉ရဲ့ အထာမကျမှုကို သဘောမကျဖြစ်တဲ့လူတွေ တစ်ပုံကြီးပါ။
အဲဒီ၉၆၉မှ မငြိမ်သေးဘူး။ မိတ်ထီလာကိစ်စက မထင်မှတ်ဘဲ ဗြုန်းခနဲ ထပေါ်လာတယ်။ ကျွန်တော်က ထင်ထားတာက  ၉၆၉ လှုပ်ရှားမှုလုပ်ရင်းကနေမှ ပြသနာကို ဖန်တီးယူမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့်  ပြသနာအသစ်တစ်ခုကို ဖန်တီးပြီးမှ ၉၆၉လှုပ်ရှားမှုရဲ့ လှုံ့ဆော်တွန်းအားတွေနဲ့ ဒီအကြမ်းဖက်မှုကို ပိုပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်ခဲ့ကြတယ်လို့ မြင်ပါတယ်။ ၉၆၉ သမားတွေ ဒီ အကြမ်းဖက်မှုမှာ တိုက်ရိုက် ပါဝင်ပတ်သတ်မှု မရှိသော်လည်း အွန်လိုင်းပေါ်မှာရော၊ ပြင်ပမှာရော  ၉၆၉ဆိုပြီး အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်တယ်လို့ အမည်ခံထားတဲ့ ဘာသာရေးခွဲခြားမှုလုပ်ငန်းစဉ်ကြီးရဲ့ လှုံ့ဆော်မှုတွေကြောင့်  ဘုမသိ၊ ဘမသိ  ငါ့ဘာသာမှ ငါ့ဘာသာဆိုတဲ့ အစွန်းရောက်တချို့ကလည်း အူကြောင်ကြောင်နဲ့ ဒီအကြမ်းဖက်မှုမှာ ပါဝင်ခဲ့ကောင်း ပါဝင်ပါလိမ့်မယ်။ အများစုကတော့ စနစ်တကျ မှိုင်းတိုက်စေခိုင်းထားတဲ့ အမိန့်တစ်ခုအောက်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့လူတွေလိုပဲဆိုတာ ကျိုးကြောင်းဆက်စပ်စဉ်းစားကြည့်ရင် လူတိုင်းသိနိုင်ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားသွားတဲ့ မြို့တွေမှာ မြို့ခံတွေရဲ့ ဆိုစကားအရ အကြမ်းဖက်သမားတွေထဲမှာ မြို့ခံတွေ မပါသလောက်ပဲလို့လည်း သိရပြန်ပါတယ်။
အဲဒီအကြမ်းဖက်မှုတွေကို လုပ်ဆောင်နေကြတဲ့ ဗုဒ်ဓဘာသာဝင်အမည်ခံ သွေးကြွအကြမ်းဖက်တွေဟာ အလုပ်ပျက်၊ အကိုင်ပျက် သူများတစ်ဖက်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တက်တက်ကြွကြွ ဖျက်ဆီးနေကြတာဟာ ပုံမှန် သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။  မိတ်ထီလာကိစ်စဟာ လုံးဝ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ယူဆပါတယ်။
တကယ်တမ်းဖြစ်တဲ့ ကိစ်စက ရွှေဆိုင်မှာ ရွှေအရောင်းအ၀ယ်လုပ်ရာက စတယ်လို့ သိရပါတယ်။ အဲဒီရွှေဆိုင်မှာ ဖြစ်ပျက်ပုံကိုကျတော့ မီဒီယာတွေမှာ နှစ်မျိုးကွဲပါတယ်။ တစ်မျိုးက ဆိုင်ရှင်က  စလွန်တာလို့ ဖော်ပြပြီး၊ နောက်တစ်မျိုးကတော့ ဈေးဝယ်က လွန်တာလို့ သိရပါတယ်။ ဆိုင်ရှင်က လွန်တဲ့ကိစ်စကတော့ တော်တော်များများသိထားကြပြီးဖြစ်ပါလိမ့်မယ်။ ရွှေကျိုးသွားတော့ တစ်ဝက်ဈေးပဲပေးပြီး ဆိုင်ရှင်ဘက်က ကိုယ်ထိလက်ရောက်စကျူးလွန်တယ်ဆိုပါတယ်။ နောက်တစ်မျိုးကကျတော့ ရွှေအတုလာရောင်းပြီး မ၀ယ်တော့ ဈေးဝယ်ဘက်က ပြသနာရှာရာကနေ စတင်ဖြစ်ပွားတယ်လို့ ဆိုပါတယ်။ ထားပါ။ ဒါကတော့ အငြင်းအခုံလုပ်နေရင်ပြီးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေလည်း မျက်စိနဲ့ တပ်အပ်မြင်ရတာမဟုတ်ပါဘူး။ ထားလိုက်ပါ။ ( နောက်တစ်ခုက  ဒီအကြမ်းဖက်မှု ဖြစ်စဉ်တွေကို ခရေစေ့တွင်းကျသိနေတဲ့ သူတစ်ဦးက ပြောတဲ့  ဦးဇင်းတစ်ပါးကို  မွတ်ဆလင်တွေက မီးရှို့ သတ်လိုက်လို့ ဒီအကြမ်းဖက်မှုကြီးပေါ်ပေါက်လာတယ်။ ပထမရက်မှာတော့ ဘယ်သူတွေခံရတယ်။ အသာစီးရသူတွေက ဘယ်လိုလက်နက်တွေကိုင်ပြီး ဘယ်လိုတွေ ချတယ် အစရှိသဖြင့်  အကြားအမြင်ရနေတဲ့အလား ပြောတာတွေလဲ ရှိပါတယ်။ )
ဘယ်လိုပဲဖြစ်နေနေ ဒီကိစ်စက လုံးဝ ဈေးရောင်းဈေးဝယ်ပြသနာသက်သက်ပါ။ လုံးဝအသေးအဖွဲလေးပါ။ ဒီနေရာမှာ ရွှေဆိုင်ပိုင်ရှင်ဟာ အစ်စလာမ်ဘာသာဝင်တစ်ဦးမဟုတ်ခဲ့ဘဲနဲ့ ဗုဒ်ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့မယ်ဆိုပါစို့။ မိတ်ဆွေ ဘယ်လိုတွေးသလဲ မပြောတတ်ပေမယ့် ကျွန်တော့်အမြင်ပြောရရင်တော့ ဘာမှ ထပ်ပြီး အကြီးအကျယ် ၊ တစ်နိုင်ငံလုံးစိုးရိမ်ထိတ်လန့်ရတဲ့အနေအထားမျိုးကို ရောက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရှင်က အစ်စလာမ်ဘာသာဝင်ဖြစ်နေတဲ့အခါကျတော့ ပြသနာက ပွလာတော့တာပါပဲ။ (ဥပမာပေးရရင် မိန်းမသားတွေကို မုဒိမ်းကျင့်သတ်ဖြတ်နေတဲ့ လူတွေ ဘာသာပေါင်းစုံက အများကြီးရှိပေမယ့်  ရခိုင်ပြည်နယ်မှာ မွတ်ဆလင်သုံးယောက်က ပြုမူတဲ့အခါကျမှ နိုင်ငံကို အဏုမြူဗုံးနဲ့ ဖောက်ခွဲတော့မယ့်အလား ရေးကြီးခွင်ကျယ်ထလုပ်ပြ မကျေမနပ်တွေ ဖြစ်ပြတာမျိုးလိုပေါ့…။)

ဆိုင်ရှင်ကို မကျေနပ်တဲ့အတွက် ဆိုင်ကိုသွားဖျက်ဆီးတယ်။ ဟုတ်ပါပြီ။ ဒီအထိ လက်ခံပေးလို့ရပါသေးတယ်။ တရားဥပဒေရဲ့အဆုံးအဖြတ်ကို မစောင့်နိုင်လောက်အောင် နာ ကြည်း ခံ ပြင်း သွား ကြ ရှာ တာ ပါ လား ရယ်လို့ လက်ခံပေးလို့ ရပါသေးတယ်။ ဒါပေမယ့် နေ့လည်ပိုင်းမှာ ဗလီတွေကို စဖျက်တယ်၊ မီးရှို့တယ်။ အိမ်တွေ ဖျက်ဆီး၊ မီးရှို့တယ်။ နောက်ဆုံးကျတော့ လူတွေသတ်တဲ့အထိဖြစ်သွားပြီ။ ဒါတွေက ဘာအတွက်လဲ၊ ဘာကြောင့်လဲ၊ ဘယ်သူ့အတွက်လဲ။ မနက်ခင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ်စက ဈေးဝယ်တွေအတွက်လား။ (အထက်မှာ ပြောခဲ့တဲ့ ဖြစ်စဉ်တွေကို ခရေစေ့တွင်းကျသိနေတဲ့သူ ပြောတဲ့ ဘုန်းကြီးတစ်ပါးကို မီးရှို့သတ်လိုက်တယ်ဆိုတာကြောင့်လား။ )
တကယ်တမ်းမှာ ဈေးဝယ်တွေရဲ့ နစ်နာမှုက ခုလိုလုပ်ရလောက်အောင် ကြီးမားပါရဲ့လား။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကိုပဲ အလုပ်ပျက်၊ အကိုင်ပျက်၊ တစ်စုတစ်ဝေးကြီး သဲသဲမဲမဲလုပ်ဆောင်နေကြတဲ့ကိစ်စက  သွေးရိုးသားရိုးဟုတ်နိုင်ပါ့မလား။ တကယ်ဆိုရင် ဖြစ်သွားတဲ့ပြသနာက ဈေးသည် ဈေးဝယ် ပြသနာသေးသေးလေး။ ဘာမှ ဘာသာရေးကို အထိအခိုက်ဖြစ်စရာအကြောင်းမရှိဘူး။ ဖြစ်ပျက်နေတဲ့အချိန်မှာလည်း လုံခြုံရေးတွေက ဘာလုပ်နေကြသလဲ။ ကျွန်တော်တို့ ထိန်းနေပါတယ်၊ ထိန်းနေပါတယ်ဆိုပြီး အကြမ်းဖက်နေကြတဲ့ ဗုဒ်ဓဘာသာဝင်အမည်ခံတွေရဲ့ လုပ်ရပ်တွေကို လက်ကလေးနောက်ပစ်ပြီး ဘာကြောင့်ကြည့်နေကြတာလဲ။ အထက်က အမိန့်မရလို့ဆိုရင် အဲဒီအထက်ကရော ဘာကြောင့် အမိန့်အလျင်အမြန်ချမပေးနိုင်ရတာလဲ။ ဒီလောက် ဆိုးဆိုးဝါးဝါးဖြစ်နေတာကိုသိပါလျက်နဲ့ ဘယ်သူနဲ့များ တိုင်ပင်နေရသေးလို့ အမိန့်ချက်ချင်းချမပေးနိုင်တာလဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကရော ဒီလောက် ပြည်သူတွေ အသက်အိုးအိမ်စီးပွား ထိခိုက်ပျက်စီးနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့နေရပါလျက်၊ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေကို ဒုတ်ဒုတ်ထိမြင်တွေ့နေရပါလျက်၊ ပြည်သူထက် အမိန့်အာဏာကို ပိုချစ်မြတ်နိုးရိုသေကြောက်ရွံ့နေရသလား။ တော်တော်လေးကို အံ့သြဖို့ကောင်းပါတယ်။
သူတို့ထက် ပိုအံ့သြဖို့ကောင်းတာက အွန်လိုင်းပေါ်မှာ ကွန်ပျူတာရယ်၊ ကီးဘုတ်ရယ်၊ မောက်စ်ရယ်ကို အားကိုးပြီး မျိုးချစ်ပြနေတဲ့ လေလှိုင်းမျိုးချစ်ကြီးများပါ။ အခြေအနေကိုလဲ သေသေချာချာစေ့ငုဆင်ခြင်မှုမရှိ၊ ကိုယ်သက်ဝင်ကိုးကွယ်နေပါတယ်ဆိုတဲ့ ဘာသာတရားရဲ့ အဆုံးအမတွေကိုလည်း အမှန်တကယ် ဆည်းကပ်ကိုးကွယ်နှလုံးသွင်းနိုင်ခြင်းမရှိ၊ သမိုင်းဗဟုသုတသိမြင်နားလည်မှုမှာလည်း အားနည်းပြီး သူများပြောတာကို မျက်စိစုံမှိတ်ယုံပြီး  ဘာသာရေးခွဲခြားမှု၊ ဘာသာရေးနဲ့ပတ်သတ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဆီဦးတည်တဲ့ အရေးအသားတွေ ရေးသားနေကြတဲ့လူတွေရဲ့ ပယောဂဟာ ဒီကိစ်စတွေမှာ တော်တော်လေးကို  ပမာဏကြီးမားပါတယ်။
ဒီအကြမ်းဖက်မှုကြီးက မိတ်ထီလာတစ်မြို့တည်းတင် ရပ်တန့်မသွားခဲ့ပါဘူး။ တခြားမြို့ တချို့ဆီကိုပါ ကူးစက်ခဲ့ပါတယ်။ မိတ်ထီလာမှာ ဖြစ်ခဲ့တာကို တစ်နိုင်ငံလုံးမှာ ပြန့်ကျဲနေအောင် သိနေပါလျက်နဲ့ အစ်စလာမ်ဘာသာဝင်မြန်မာနိုင်ငံသားတွေ တော်တော်များများ နေထိုင်တဲ့ မြို့၊ ရွာတွေမှာ သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးတာဝန်ခံတွေက ကြိုတင် ကာကွယ်မှုတွေ၊ စုံစမ်းလေ့လာမှုတွေ ဘာကြောင့်မလုပ်ခဲ့ရတာပါလဲ။ 

ပြီးတော့ တကယ် အကြမ်းဖက်မှု ကူးစက်ပြီဆိုတဲ့အခါမှာလည်း အကြမ်းဖက်သမားတွေရဲ့ လူရာနဲ့ချီတဲ့အုပ်လိုက် လှုပ်ရှားမှုတွေကို မသိဘူးဆိုတော့  နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး ဆောင်ရွက်ချက်တွေအပေါ် သံသယဖြစ်စရာတောင်ရှိပါတယ်။ မိတ်ထီလာမှာဆိုရင်လည်း နှစ်နာရီလောက် မီးတွေ လောင်နေပါလျက်နဲ့ မီးသတ်ကားတွေ ရောက်မလာခဲ့ဘူးဆိုတော့ မိတ်ထီလာကန်ကြီး ရေတွေခမ်းသွားလို့  မန်းလေးကျုံးထဲထိများ ရေသွားဖြည့်နေရလို့လားလို့ ရွဲ့ချင်စရာပါပဲ ။  တချို့မြို့တွေမှာ ဘူဒိုဇာတွေနဲ့တောင် ဗလီတွေကို ဖျက်ဆီးတယ်၊ ဒါကို မတားဆီးနိုင်ဘူးတဲ့။ ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကို ဒီလောက်အတိုင်းအတာထိ လွတ်ပေးထားနေတဲ့ အုပ်ချုပ်သူအစိုးရကို ကျွန်တော်တို့ တိုင်းသူပြည်သားနိုင်ငံသားတွေက ဘယ်လို ယုံကြည်ကိုးစားရပါ့မလဲဆိုတာကိုလည်း စဉ်းစားလို့မတတ်အောင်ပဲဖြစ်ရပါတယ်။ 

နောက်ဆုံးကျတော့ အကြမ်းဖက်မှုမှာ အဓိက နစ်နာသွားရတာက အစ်စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားတွေပါပဲ။ သူတို့နဲ့ ဆက်စပ်ပြီး မဆီမဆိုင် ဗုဒ်ဓဘာသာဝင် မြန်မာနိုင်ငံသားတချို့ပါ အဆစ်ခံလိုက်ရတာပါပဲ။ မိတ်ထီလာမှာဆိုရင် ဗလီတွေ ရှိရှိသမျှ အားလုံးကုန်သွားတယ်။ လူနေအိမ်တွေ ရစရာမရှိတော့ဘူး။ သေသူသေ၊ ကျေသူကျေ၊ မိကွဲဖကွဲ သားကွဲ မယားကွဲဖြစ်သူဖြစ်။  မြန်မာပြည်တွင်းက အစ်စလာမ်ဘာသာဝင်တွေကို တမင်သက်သက် ဒုက်ခပေးဖို့အတွက် ဒီအကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ထင်ပါတယ်။ အကြောင်းပြချက်ကလည်း ရေရေရာရာမရှိ၊ အကြမ်းဖက်သမားတွေကလည်း ဘယ်သူတွေမှန်း ရေရေရာရာမသိရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ဘာမှ အလုပ်မလုပ်၊ အစိုးရရဲ့ သတိပေးမှု၊ တားမြစ်မှုတွေကလည်း နှောင့်နှေးနဲ့ ဘယ်လိုမှ အဓိပ်ပါယ်မရှိတဲ့ လုပ်ရပ်ကြီးပါ။ အကြမ်းဖက်ခံရတဲ့ မွတ်ဆလင်တွေဟာ  မြန်မာနိုင်ငံသား အစ်စလာမ်ဘာသာဝင်တွေပါ။ သူတစ်ပါး နိုင်ငံသားတွေလဲ မဟုတ်ကြပါဘူး။ မြန်မာ့မြေမှာ မျိုးရိုးအစဉ်အဆက် ရှင်သန်ကြီးပြင်းနေထိုင်လာခဲ့ကြသူတွေချည်းပါ။ တချို့ဆို နိုင်ငံ့ဝန်ထမ်းအဖြစ်  တိုင်းပြည်တာဝန်ကို ကျရာ နေရာက ထမ်းဆောင်နေကြတဲ့လူတွေတောင် ပါ ပါတယ်။ အခုတော့ အကြမ်းဖက်လူယုတ်မာတွေရဲ့လက်ချက်နဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ကြရပါတယ်။ သူတို့သာမက နိုင်ငံနဲ့ တစ်ဝှမ်းက မြန်မာမွတ်ဆလင်တွေဟာလည်း ကျီးလန့်စာစားနဲ့ ဘယ်နေ့ ငါတို့ မြို့ရောက်လာမှာပါလိမ့်ရယ်လို့ စိုးရိမ်ထိတ်လန့်နေကြရရှာပါတယ်။

ကျွန်တော်ကတော့ ဒီအကြမ်းဖက်မှုဟာ စစ်မှန်တဲ့ ဗုဒ်ဓဘာသာဝင်တွေရဲ့ လုပ်ရပ်လို့ လုံးဝ မယူဆပါ။ အကြမ်းဖက်သူတွေက ရက်စက်ယုတ်မာစွာ အကြမ်းဖက်ပေမယ့် စစ်မှန်တဲ့ ဗုဒ်ဓဘာသာဝင်တွေကတော့ ဒုက်ခရောက်နေကြရှာတဲ့ မြန်မာမွတ်ဆလင်တွေကို ကာကွယ်စောင့်ရှောက်ပေးထားခဲ့ကြလို့ပါ။ ဒါကို ကြည့်မယ်ဆိုရင်  စစ်မှန်တဲ့ ဗုဒ်ဓဘာသာဝင်တွေနဲ့ ဗုဒ်ဓဘာသာဝင်အမည်ခံ အကြမ်းဖက်သွေးကြွတွေကြားက အကွာအဟကို တွေ့နိုင်ပါတယ်။ ဒီလိုပဲ ၉၆၉ လှုံ့ဆော်နေကြတဲ့ဘုန်းကြီးတွေ၊ ဘာသာရေးပဋိပက်ခဖြစ်အောင် လှုံ့ဆော်နေကြတဲ့ ဘုန်းကြီးတွေနဲ့  အခြေအနေတွေကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြတဲ့ ဗုဒ်ဓသားတော် သံဃာတော် အရှင်သူမြတ်များရဲ့ တန်ဖိုး မတူညီမှုကိုလည်း  ဒီအကြမ်းဖက်မှုမှာ ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့လိုက်ရပါတယ်။ အမှန်တကယ် ဗုဒ်ဓဘုရားရှင်ကို ကြည်ညိုလေးစားမြတ်နိုးပြီး ဗုဒ်ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်နေသူတွေဟာ ဒီလို အကြမ်းဖက်လုပ်ရပ်မျိုးကို ဘယ်လိုမနှစ်မြို့နိုင်မှာမဟုတ်ပါဘူး။ ဗုဒ်ဓရဲ့ အဆုံးအမတွေထဲမှာလည်း ဒီလို အကြမ်းဖက် လုပ်ရပ်တွေကို ဆန့်ကျင်ထားတာပါ။ 

နောက်တစ်ချက်က  ကျွန်တော်တို့ တတွေ ဆင်ခြင်ကြည့်ဖို့လိုတာက မြန်မာ့သမိုင်းတစ်လျှောက်မှာ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကစလို့  အုပ်ချုပ်သူ အစိုးရတွေဟာ တိုင်းပြည်မငြိမ်မသက် ဆူပူအောင် လုပ်ချင်ရင်  လူထုကြားထဲကို ဘာသာရေးပဋိပက်ခဖြစ်ပွားအောင် မီးစာထိုးတတ်တယ်ဆိုတာကိုလည်း သတိချပ်ကြစေချင်ပါတယ်။ 

နောက်တစ်ချက်က လက်ရှိ အချိန်မှာ မှိုင်းတိုက်သူတွေကြောင့် လူတော်တော်များများဟာ အစ်စလာမ်ဘာသာနဲ့ ပတ်သတ်ပြီး အမြင်လေးတွေ တိမ်းစောင်းလွဲချော်နေကြတာကိုလည်း တွေ့ရပါတယ်။ ဒီလူတွေကို ကျွန်တော့်အနေနဲ့ လေးလေးနက်နက်အကြံတစ်ခုပြုလိုပါတယ်။ သူများပြောတာကို မျက်စိစုံမှိတ်လက်ခံယုံကြည်ပြီး အစ်စလာမ်ဘာသာကို မုန်းတီးနေကြမယ့်အစား အစ်စလာမ်ဘာသာရဲ့ ကျမ်းစာအပါအ၀င် အစ်စလာမ်နဲ့ ပတ်သတ်သမျှတွေကို စနစ်တကျ လေ့လာကြည့်စေချင်ပါတယ်။ ဒါမှသာ အစ်စလာမ်ဘာသာရဲ့ အနှစ်သာရကို သေချာသိမြင်ပြီး  စစ်မှန်တဲ့ အစ်စလာမ်ဘာသာဝင်နဲ့ အစွန်းရောက် အစ်စလာမ်ဘာသာဝင်တွေကို ခွဲခြားနိုင်သွားမှာဖြစ်ပါတယ်။
ဘာသာရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေကြတဲ့ မြေပေါ် မြေအောက်၊ အွန်လိုင်းပေါ် အွန်လိုင်းအောက် ၊ စာမျက်နှာပေါ် ၊ စာမျက်နှာအောက်က ပုဂ်ဂိုလ်ကြီးများကိုလည်း မေတ်တာရပ်ခံချင်တာက  တိုင်းပြည်ကို မငြိမ်မသက်၊ ဆူဆူပူပူဖြစ်အောင် လှုံ့ဆော်တဲ့ ပုံစံမျိုး သက်ရောက်နေပြီဖြစ်တာမို့ မိမိတို့ လုပ်ရပ်များအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ကြစေချင်ပါတယ်။ 
  
ဒါ့အပြင် ဗုဒ်ဓဘာသာဝင် မိတ်ဆွေများကို လည်း မေတ်တာရပ်ခံလိုပါတယ်။ လက်ရှိ အကြမ်းဖက်လုပ်ရပ်တွေကို ရှုံ့ချဖို့တာဝန်ဟာ ဗုဒ်ဓဘာသာဝင် အမှန်တကယ်သက်ဝင်ကိုးကွယ်တဲ့ မိတ်ဆွေတိုင်းမှာ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မတရားအကြမ်းဖက်ခံနေရတဲ့ မြန်မာမွတ်ဆလင်တွေရဲ့ အနေအထားကို စာနာထောက်ထားသောအားဖြင့် ၊ တရားဥပဒေမဲ့ ရက်ရက်စက်စက်အကြမ်းဖက်နေကြတဲ့ မျက်ကန်းမျိုးချစ် အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို ရွံမုန်းသောအားဖြင့်  အကြမ်းဖက်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း မိမိတို့ရဲ့ ဆန်ဒသဘောထားများကို ထုတ်ပြန်ကြေညာတဲ့အပြင်  အကြမ်းဖက်မှုတွေ မလုပ်ဆောင်နိုင်အောင် အတတ်နိုင်ဆုံး တားဆီးပေးကြဖို့လည်း အနူးအညွတ် မေတ်တာရပ်ခံလိုပါတယ်။ 

နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျေးဇူးစကားပါ။ ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် ပဋိပက်ခတွေမှာ ဒုက်ခရောက်ခဲ့ကြတဲ့ မြန်မာမွတ်ဆလင်ဒုက်ခသည်တွေကို အစစအရာရာ ကူညီကာကွယ်စောင့်ရှောက်ပေးခဲ့ကြတဲ့ စစ်မှန်တဲ့ ဗုဒ်ဓဘာသာဝင်နဲ့ အခြားဘာသာဝင် လူပုဂ်ဂိုလ်များ၊ ရဟန်းသံဃာများနဲ့ အခြေအနေတည်ငြိမ်နိုင်အောင် တတ်နိုင်သမျှဝင်ရောက်ပြောဆိုခဲ့ကြတဲ့   နိုင်ငံရေး အဖွဲ့အစည်းများ၊ ရဟန်းသံဃာများအားလုံးကို မြန်မာမွတ်ဆလင်တစ်ဦးအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောကြားရင်း  ဒီအကြမ်းဖက်မှုဟာ  စနစ်တကျ အကွက်ချပြီး စီစဉ်မှုအောက်မှာ ရက်စက်ယုတ်မာစွာ လုပ်ဆောင်ခဲ့တဲ့ ဗုဒ်ဓဘာသာဝင်အမည်ခံ အကြမ်းဖက် သွေးကြွများရဲ့ တရားမဲ့ လုပ်ရပ်များဖြစ်တယ်လို့ ကျွန်တော့်အမြင်ကို တင်ပြလိုပါတယ်။

ဝေမိုးနိုင်(မုံရွာ)

28 comments:

  1. ထောက်ခံပါတယ် ..
    သူပြောသလို အစ္စလာမ်ဘာသာတရားကို လေ့လာကြည့်စေချင်ပါတယ် ...

    ReplyDelete
    Replies
    1. လေ့လာကြည့်ချင်ပါတယ် ဒါပေမယ့်လေ့လာလို့မရအောင် လုပ်ထားတော့ ဘယ်လိုယုံရပါ့။
      တစ်ခြားဘာသာတွေလို ရှင်းပြမထားလေတော့ သိချင်၊လေ့လာချင်တာတောင်မလေ့လာနိုင်ပါ။ သူတို့တွေကလည်း မေးရင်မကြိုက်ပါ။
      မေလေး

      Delete
    2. တကယ်လေ့လာချင်တယ်ဆိုရင် အဲဒီလောက်မခက်ခဲပါဘူး။ သူတကာ အခြားဘာသာဝင်တွေလဲ ဒီလိုပဲ လေ့လာပြီး အစ္စလာမ်အကြောင်း မွတ်ဆလင်တွေနီးပါး သိနေတဲ့လူတွေ တစ်ပုံကြီးပါ။ ကုရ်အာန်ကျမ်းစာနဲ့တကွ အစ္စလာမ့်ရေးရာစာအုပ်တွေကို ၀ယ်ယူဖတ်ရှုနိုင်သလို၊ အမှန်တကယ် တတ်သိနားလည်တဲ့ အစ္စလာမ့်ပညာရှင်တွေထံမှာ မေးမြန်းလေ့လာဆည်းပူးနိုင်ပါတယ်။
      ဒီနေရာမှာ ပြောချင်တာတစ်ခုက လေ့လာမယ်ဆိုရင် အမှန်တကယ် သေသေချာချာ နက်နက်နဲနဲ လေ့လာဖို့ လိုပါတယ်လို့။

      Delete
  2. You are right, Sayar. I really respect you.

    Khin Ma Ma Kyaw.

    ReplyDelete
  3. what mean 786.Explaine?

    ReplyDelete
    Replies
    1. ဒီလင့်ခ်လေးအတိုင်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။

      **၇၈၆ဆိုတာ**http://www.scribd.com/fullscreen/78989169?access_key=key-2dyl3rgonznlqstet40fhttp://www.scribd.com/fullscreen/78989169?access_key=key-2dyl3rgonznlqstet40f

      Delete
  4. ကျွန်တော် ကြားဖူးထားတာတစ်ခုမေးကြည့်ချင်ပါသည်။ တစ်ချို့မြန်မာမိန်းကလေးတွေဟာ မွတ်ဆလင်နဲ့ယူကြပါတယ်။ ယူပြီးပါက မွတ်ဆလင်ဘာသာထဲသို့ ၀င်ရပြီး မြတ်စွာဘုရား၏ ပုံတော်ကို ခြေနင်းရေချိုးခိုင်းပြီးမြန်မာမိန်းကလေး ပညာတတ် တစ်ယောက်ကို ယူနိုင်လျှင် (ဆု)ပိုက်ဆံရသည်ဟုကြားဖူးပါသည်။ဟုတ်မဟုတ် သိချင်ပါသည်။

    ReplyDelete
    Replies
    1. မေးခွန်းနဲ့ ပတ်သတ်ပြီး နှစ်ပိုင်းဖြေရပါလိမ့်မယ်ခင်ဗျ။

      (ပထမတစ်ပိုင်းက မြန်မာမိန်းကလေးတွေ က မွတ်ဆလင်နဲ့ ယူကြပါတယ်။ ယူပြီးပါက မွတ်ဆလင်ဘာသာထဲသို့ ၀င်ရပြီး....)
      ဒီအထိကို တစ်ပိုင်းလို့ သတ်မှတ်ပြီး ဖြေချင်ပါတယ်။ မေးခွန်းမှာကလည်း နည်းနည်းလွဲနေတယ်ထင်ပါတယ်။ ဗုဒ်ဓဘာသာဝင်အမျိုးသမီးလို့ မေးမှ ပိုသင့်တော်မှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာလူမျိုးတွေထဲမှာ ဗုဒ်ဓဘာသာကိုသာမက ခရစ်ယာန်၊ အစ်စလာမ်နဲ့ ဟိန်ဒူ ဘာသာတွေကို ကိုးကွယ်သူတွေလည်း ရှိနေလို့ပါ။

      မွတ်ဆလင်ကို ညားရင် သူတို့ဘာသာဝင်ရတယ်ဆိုတာက ညားသွားတဲ့ မွတ်ဆလင်တွေနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အမျိုးတွေထဲမှာ ဗုဒ်ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးတွေနဲ့ညားတဲ့ သူတွေ ရှိပါတယ်။ တချို့လည်း မွတ်ဆလင်ထဲ တကယ်ဝင်လာပါတယ်။ ( ဘယ်သူကမှ ၀င်၊ မ၀င်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး မရှိခဲ့ပါဘူး။ ) တချို့ကျတော့လည်း သူက သူကိုးကွယ်ရာ ကိုးကွယ်၊ ကိုယ်လည်း ကိုယ်ကိုးကွယ်ရာ ကိုးကွယ်၊ ဒီလိုနေကြတာပါပဲ။ သူကတော့ ကိုယ်တို့ ဘာသာထဲမ၀င်လို့ သတ်မယ်ဆိုတာမျိုး မရှိပါဘူး။ ဘုရားသခင်ကလည်း မင်းတို့ ယူမယ့် မိန်းမယောက်ျားတွေကို အစ်စလာမ်ဘာသာကို ကိုးကွယ်ခိုင်းကြ၊ မကိုးကွယ်ရင် သတ်ကြဖြတ်ကြ၊ ဇွတ် အစ်စလာမ်ထဲ ၀င်ခိုင်းကြလို့လည်း မညွန်ပြထားပါဘူး။

      {{ ဖြောင့်မတ်မှန်ကန်သော (အစ်စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့် (သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားချက်ရှိနေပြီဖြစ်ရာ (မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ်စလာမ်) သာသနာတော်အတွင်း နှိုက် (၀င်ရောက်ရန်အတွက်) အတင်းအဓမ်မ ၊ အနိုင့်အထက် အလျဉ်းမပြုရ။ ကုရ်အာန် (၂း ၂၅၆) }}

      ဒါကိုကြည့်မယ်ဆိုရင် ရှင်းသွားမယ်ထင်ပါတယ်။ ဒါကိုမှ အဲဒီလို အစ်စလာမ်ဘာသာထဲဝင်ကို ၀င်ရမယ်လို့ လုပ်နေတဲ့သူတွေရှိတယ်ဆိုရင်တော့ အဲဒီလူတွေဟာ အစ်စလာမ်ဘာသာကို ကောင်းစွာသက်ဝင်ယုံကြည်ကိုးကွယ်ဆည်းကပ်သူမဟုတ်လို့လို့ ပြောနိုင်ပါတယ်။ အမှန်တကယ် အဲဒီလို ပြုမူနေတဲ့လူတွေ ကို မိမိတို့ ပတ်ဝန်းကျင်မှာ တွေ့ခဲ့တယ်ဆိုရင်လည်း အစ်စလာမ်ဘာသာရေးတာဝန်ရှိသူတွေကို အကြောင်းကြား အသိပေးပြီး အဲဒီလို မပြုမူနိုင်အောင် ကြိုးပမ်းကြစေချင်ပါတယ်။

      နောက်တစ်ပိုင်းက
      (မြတ်စွာဘုရား၏ ပုံတော်ကို ခြေနင်းရေချိုးခိုင်းပြီးမြန်မာမိန်းကလေး ပညာတတ် တစ်ယောက်ကို ယူနိုင်လျှင် (ဆု)ပိုက်ဆံရသည်ဟုကြားဖူးပါသည်။ဟုတ်မဟုတ် သိချင်ပါသည်။)

      ကျွန်တော်တော့ ဒီကိစ်စမျိုးကို အခုမှ ကြားဖူးတာပါပဲ။ ကျွန်တော်တို့တွေဟာ တခြားဘာသာဝင်တွေ အထွတ်အမြတ်ထားကိုးကွယ်နေတဲ့ ဘုရားရှင်တွေကို စော်စော်ကားကားပြုမူဖို့ ညွန်ကြားထားခြင်း လုံးဝမရှိပါဘူး။ လူပီသတဲ့ စိတ်ဓါတ်ရှိတဲ့ ၊ အစ်စလာမ်ရဲ့ ကျင့်ဝတ်တွေနဲ့ အညီ နေထိုင်တဲ့ ဘယ်လိုလူမျိုးကမှ ဒီလို အပြုအမူတွေကို ပြုမူမှာ လုံးဝလုပ်မှာ မဟုတ်ပါဘူး။

      သူတစ်ပါးကိုးကွယ်ဆည်းကပ်နေတဲ့ ဘာသာသာသနာကို စော်ကား မိမိဘာသာ သာသနာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့လည်း အလ်လာအရှင်မြတ်က ချမှတ်သင်ပြထားခြင်း မရှိပါခင်ဗျား။

      ဒါကြောင့်မို့ တခြားသော ဘာသာဝင်များအနေနဲ့ အစ်စလာမ်ဘာသာနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ မဟုတ်မဟတ် ကိစ်စများ၊ သတင်များ ကြားရသိရပြီဆိုရင် နီးစပ်ရာ အစ်စလာမ်ဘာသာဝင်များထံမှာ မေးမြန်းစုံစမ်းပြီး အစ်စလာမ်ရဲ့ ကျင့်ဝတ်တွေ၊ ကုရ်အာန်ကျမ်းစာပါ အလ်လာရှင်ရဲ့ နှုတ်ကပါဌ်မိန့်ကြားချက်များနဲ့ ကိုက်ညီဆီလျော်မှု ရှိ၊ မရှိ ဆန်းစစ် သုံးသပ်ကြစေချင်ပါတယ်ခင်ဗျာ။

      Delete
    2. မင်းတို့က လွတ်လပ်စွာကိုးကွယ်ခွင့်ရှိချင်ကြတယ်ပေါ့။ ယဉ်ကျေးတဲ့အစ္စလာမ်ဆိုရင် မက္ကာကို ဘာကြောင့် တစ်ခြားဘာသာဝင်တွေ သွားလို့မရတာလဲ။ မင်းတို့ကိုးကွယ်တဲ့ အရာကို တစ်ခြားဘာသာဝင်တွေ လွတ်လပ်စွာကြည့်ရှုခွင့်ရသလား။ ဗလီတွေမှာ ဗုဒ္ဓဘာသာစေတီ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေလို လွတ်လွတ်လပ်လပ် လေ့လာကြည့်ရှုခွင့်ရသလား။ ငတုံးတွေရဲ့။P:

      Delete
    3. ဗလီထဲကို အကိုဝင်ကြည့်ချင်တယ်ဆိုရင် ကျွန်တော်လိုက်ပြပေးချင်ပါတယ်။

      Delete
  5. Hi,
    This is not free thinker
    This is a Muslim's view. Please don't abuse freedom into your bias thinking.
    When people asked you about Myanmar Women marry Muslim, if you are not sure or if your knowledge is not conclusive, please keep quiet and don't quote your quran. If you are true Muslim, you should know that Quran is not for translation. Shame on you

    ReplyDelete
    Replies
    1. ဟုတ်ကဲ့။ လွတ်လပ်သောဆိုတဲ့ စကားလုံးကို ကျွန်တော်သုံးလိုက်ရတာက ကျွန်တော်က အဖြစ်အပျက်ရဲ့ အပြင်ကနေ လွတ်လပ်စွာ ကြည့်မြင်တယ်လို့ ဆိုလိုချင်တာမဟုတ်ဘဲ အစ်စလာမ်ဘာသာဝင်တစ်ဦးရဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာ တင်ပြကြည့်တယ်လို့ ဆိုလိုရင်းပါ။ ဒါပေမယ့် ဖတ်သူတွေမှာ နားလည်မှုလွဲသွားတာကတော့ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပါပဲ။
      ကုရ်အာန်ဟာ ဘာသာပြန်ဖို့ မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အခြားသော ဘာသာဝင်တွေအနေနဲ့ နားလည်မှုလွယ်အောင်၊ အစ်စလာမ်ရဲ့ ညွန်ကြားချက်တွေနဲ့ ပတ်သတ်ပြီး အမြင်လွဲမှားနေတာလေးတွေ ရှင်းလင်းသွားအောင် ကျွန်တော် ကောက်နုတ်ခဲ့ခြင်းဖြစ်ပါတယ်။
      တစ်ခုနားလည်ထားစေချင်တာက ကျွန်တော့်ခေါင်းစီးအတိုင်းပါပဲ။ အစ်စလာမ်ဘာသာဝင်တစ်ဦးရဲ့ လွတ်လပ်သော အမြင်သက်သက်ပါ။ အစ်စလာမ်နဲ့ ပတ်သတ်ပြီးတော့လည်း တစ်ဖက်ကမ်းခတ်နားလည်သိမြင်နေတဲ့ ဘာသာရေးဆရာတစ်ဦးမဟုတ်တာကိုပါ။ ဒါကြောင့်မို့ ကုရ်အာန်ကို ကျွန်တော်တို့ အကိုးအကားပြုရတဲ့အခါလည်း ရှိပါတယ်။
      ကျေးဇူးတင်ပါတယ်။

      Delete
  6. ''ကျွန်တော့်အဖို့ ၉၆၉ဆိုတာကြီးက '''ဟာသ'''ကြီးပဲဖြစ်နေခဲ့တယ်။ထင်ထားတာက ၉၆၉ လှုပ်ရှားမှုလုပ်ရင်းကနေမှ ပြသနာကို ဖန်တီးယူမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် ပြသနာအသစ်တစ်ခုကို ဖန်တီးပြီးမှ ၉၆၉လှုပ်ရှားမှုရဲ့ လှုံ့ဆော်တွန်းအားတွေနဲ့ ဒီအကြမ်းဖက်မှုကို ပိုပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်ခဲ့ကြတယ်လို့ မြင်ပါတယ်။''
    ခင်ဗျားဒီလို ပြောခြင်း အားဖြင့် ဗုဒ္ဓဘာသာကိုစော်ကားတာပဲဗျ။ခင်ဗျားရေးတဲ့စာထဲမှာ မှန်တာတွေပါသလို စွတ်စွဲတာ စော်ကားတာတွေလဲပါနေတယ်ဗျ။အရေးမကောင်းရင် ခင်ဗျားတို့ ကျုပ်တို့လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဟာ ပိုဝေးသွားတတ်တယ်ဆိုတာ သတိထားစေချင်တယ်ဗျ။

    ReplyDelete
    Replies
    1. ဒါကကျတော့ အကိုတို့နဲ့ ကျွန်တော်တို့ နားလည်ထားပုံချင်း မတူလို့ပါ။ ကျွန်တော်တို့က ဗုဒ္ဓဘာသာကုိ မေစာ္ကားပါဘူး။ မတုိက္ခုိက္ပါဘူး။ ဗုဒ္ဓဘာသာကုိ လက်ခံပါတယ်။ ဗုဒ်ဓဘုရားရှင် ကိုယ်တော်မြတ်ကိုလည်း လေးစားပါတယ်။ ဗုဒ်ဓံ၊ ဓမ်မံ၊ သံဃံကို လည်း လက်ခံပါတယ်။

      Delete
    2. သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။

      Delete


  7. ညီလေးရေ မင်းတို့ ဘာသာက ဘာကိုကိုးကွယ် ရှစ်ခိုးကြသလဲ ဆိုတာ ငါတို့သိချင်တယ် မင်းတို့ဖွင့်ပြရဲလား

    ReplyDelete
    Replies
    1. ကျွန်တော်ရေးခဲ့ပါတယ်။ အစ်စလာမ်နဲ့ ပတ်သတ်ပြီး သေချာလေး လေ့လာကြည့်ပါလို့။ မလေ့လာကြည့်ဘဲနဲ့တော့ ခနဲ့တာလိုလို၊ ရွဲ့တာလိုလို မပြောနဲ့လေဗျာ။ ကိုယ်ကိုယ်တိုင် သေသေချာချာ လေ့လာကြည့်တော့ ပိုပြီး တိတိကျကျ သိရတာပေါ့ဗျ။
      ကျွန်တော်တို့ ကိုးကွယ်တာက အလ်လာအရှင်မြတ်ကို ကိုးကွယ်တာပါ။ ဖွင့်ပြရဲသလားဆိုတော့ အလ်လာရှင်ဟာ စကြ၀ဠာတစ်ခုလုံးရဲ့ ဖန်ဆင်းရှင်ဖြစ်ပါတယ် ။ ဒီလိုဖန်ဆင်းရှင်မျိုးကို ကျွန်တော်တို့လို သူဖန်တီးထားတဲ့ ဖန်ဆင်းခံလူတွေက ဘယ်လို ဖွင့်ပြနိုင်တဲ့ အဆင့်ရှိပါ့မလဲဗျ။ စဉ်းစားကြည့်လေဗျာ။ ပြီးတော့ အလ်လာရှင်ရဲ့ မိန့်မှာညွှန်ကြားချက်တွေကို လက်ခံကိုးကွယ်ထားနေမှတော့ ကျွန်တော်တို့အတွက် အလ်လာရှင် ကို သံသယဖြစ်ဖွယ်ရာ တစ်စုံတစ်ရာမရှိပါ။

      Delete
  8. This comment has been removed by a blog administrator.

    ReplyDelete
    Replies
    1. ဟုတ်ကဲ့.....သေသေချာချာမလေ့လာဘဲ သူများဘာသာသာသနာကို မိုက်မိုက်ရိုင်းရိုင်းပြောဆိုထားတဲ့အတွက် ဒီကွန်မန့်ကို ဖျက်ပါ့မယ်။

      Delete
  9. အစ်စလာမ်ကဘယ်ကဆင်းတတ်လာတာလည်......ဘာကိုရှိခိုးတာလည်....ဘာပုံတော်လည်....ဘယ်လိုလမ်းညွန်ထားသလည်....လူပုံလာ...အစ်စလာမ်....ဘာသာရေးဗီဒီယိုပေါ့လေရှိသလာ.....ဘယ်လိုဘုရားမိုးလည်...အဲ့ဒီဘုးရားကဘယ်လိုကျင့်ကြံခဲ့သလည်ဘာကိုကယ်သင်သလည်....ခရစ်ယာန်ဆိုသူ့သမိုင်းကလူတိုင်းမြင်ဖူးတယ်နော်.....အစ်စလာမ်ကဘာ...သမိုင်းရှိသလည်

    ReplyDelete
    Replies
    1. အပြင်လောကကို ထွက်ကြည့်ဖို့ မေတ်တာရပ်ခံချင်ပါတယ်

      Delete

  10. ချစ်တီးကုလားက.........မြန်မာပြည်ကိုပတ်ဆံတစ်ခုထည်းနဲ့ဖျက်ဆီးတယ်ဆိုတာကြားဖူးလာ............တော်လှန်ရေးကားကြည့်လိုက်ချစ်တီးကုးလားဆိုမှန်းခဲ့တာတော်လှန်းရေးခေတ်ကပေါ့..........ကုးလားကဗမာကိုဘယ်နားကကူညီဖူးလည်......ချစ်တီး.....ဆိုတာမြန်မာကခေါ်တာနော်.....ဘာကြောင့်ခေါ်တာလည်သိလာ.......ကုးလားကကိုယ်ကိုးပဲးကြည့်တတ်တာမြန်မာကဒုက္ခေ၇ာက်နေတောင်ကူညီတတ်တယ်.......ကုးလားရှေ့ဒုက္ခေ၇ာက်ကြည့်လိုက်လေ..........မဆိုင်သလိုပဲး.............ဘာကူညီတတ်လည်......ကုလား.တဲ့မြန်မာပြည်ကို.......ကပြီးလာတာ

    ReplyDelete
    Replies
    1. ချစ်တီးဆိုတာ ဘယ်ဘာသာဝင်လဲ သိရအောင် ဦးဆုံး လေ့လာစေချင်ပါတယ်

      Delete
  11. ဆော်ဒီက ကျောက်တုံးက ဘာ လဲဗျ.။

    ReplyDelete
  12. အစ္စလာမ်ဘာသာကို စတင် တည်ထောင်ခဲ့ မိုဟာမက် က ဘယ်လို သာသနာ ပြုခဲ့ပါသလဲခင်ဗျာ..ရှင်းပြပေးစေလိုပါတယ်.။

    ReplyDelete
    Replies
    1. ကိုယ်တိုင်လေ့လာကြည့်စေချင်ပါတယ်ခင်ဗျား။

      Delete
  13. မင်း969ရဲ့အဓိပ္ပါယ်ကိုမသိသေးပါဘူး၊969ရဲ့အဓိပ္ပါယ်ကမင်းပြောသလိုမဟုတ်ဘူး
    ဗုဒ္ဓဘာသာအမှတ်အသားတစ်ခုပါဘဲမသိဘဲနဲ့ခုလိုရမ်းမပြောသင့်ဘူးမင်းသိချင်တယ်ဆိုရင် 969ရဲ့အဓိပ္ပါယ်ကိုပြောပြပေးမယ်။အရင်ဆုံးလေ့လာကြည့်ပါဦး

    ReplyDelete
  14. ကုလားမွတ်စလင်တွေ ၇၈၆ မပာုတ်တဲ့ ဆိုင်မှာဈေးဝယ်တာ တွေ့ဖူးလား။ ၉၆၉ က အရင်တည်း ကပေါ်ရမှာ အခုမှပေါ်တာနောက်တောင်ကျနေသေးတယ်။

    ReplyDelete