Sunday, March 31, 2013

၉၆၉၊ မိတ်ထီလာ၊ အကြမ်းဖက်ပဋိပက်ခနှင့် အစ်စလာမ်ဘာသာဝင်တစ်ဦး၏ လွတ်လပ်သောအမြင်


၉၆၉၊  မိတ်ထီလာ၊  အကြမ်းဖက်ပဋိပက်ခနှင့် အစ်စလာမ်ဘာသာဝင်တစ်ဦး၏ လွတ်လပ်သောအမြင်


ဒီပြသနာက ဘယ်က ဘယ်လို စတင်ခဲ့သလဲဆိုတာ အရင်းစစ်ကြည့်ရင် ကျွန်တော်ကတော့ ၉၆၉လှုံ့ဆော်မှုတွေက စတင်ခဲ့တယ်လို့ ဆိုချင်မိတယ်။  ၉၆၉၊ ၉၆၉ နဲ့ အစက ဘာမှန်းမသိပါဘူး။ သူများတွေ ထင်သလို ချဲဂဏန်းပေးနေတယ်ပဲထင်တာပါ။ နောက်ကျမှ ၇၈၆ကို ဆန့်ကျင်ဖို့ ၉၆၉ ဆိုပြီးလုပ်တာမှန်းသိရပါတယ်။ ၉၆၉ ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ အစ်စလာမ်ဘာသာဝင်တွေ ကွယ်ပျောက်သွားဖို့၊ အစ်စလာမ်ကို ဆန့်ကျင်ဖို့ ပါ။ လုပ်ဆောင်ချက်အနေနဲ့ကတော့ အစ်စလာမ်ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေမှာ လုံး၀၀ယ်ယူအားပေးခြင်းမပြုဘဲနဲ့ အစ်စလာမ်တွေ မြန်မာပြည်ထဲမှာ နေထိုင်လို့ မရအောင် လုပ်ဖို့ပါတဲ့။ တစ်ရက်မ၀ယ်ရင်၊ တစ်ရက်၊ တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ၊ တစ်လကနေ တစ်နှစ်၊ ဒီလိုနဲ့ နောက်ဆုံးမှာ မွတ်ဆလင်တွေ မြန်မာနိုင်ငံထဲမှာ ၀မ်းရေးအတွက် ရှာဖွေစားသောက်လို့မရတော့ဘဲ  မြန်မာပြည်ထဲကနေ ထွက်သွားကြရမယ်။ ဒါမှသာ အနာဂတ်မြန်မာနိုင်ငံကြီးကောင်းလိမ့်မယ်၊ စသဖြင့် ၀ါဒဖြန့်ကြတယ်။ 

Saturday, March 30, 2013

ကိုဝေရဲ့ ခုတစ်လော (တဂ်ပို့စ်)


ကိုဝေရဲ့ ခုတလော


အစ်မကြီး မန်းညချိုး နှင့် ညီငယ် နွလေ တို့က ဘလော့ဂ်ဂါများကို တဂ်သည်ဟု ဆိုသောကြောင့် ဘလော့ဂ်ဂါမဟုတ်ဟု သမုတ်မည် စိုးကာ  ကသုတ်ကရက် ရေးပါသည်။ 



 

“တွေးနေမိတာက” --
 
လက်ရှိ ဖြစ်ပျက်နေတဲ့ အကြမ်းဖက် ပဋိပက်ခတွေ အလျင်မြန်ဆုံးချုပ်ငြိမ်းပြီး ကျီးလန့်စာစားနေထိုင်မနေရဘဲ အားလုံး အရင်အတိုင်း အေးအေးချမ်းချမ်း နေထိုင်ရမယ်ဆိုရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။
*======================================*

 
 “ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက” --

စိတ်ခံစားချက်ကို ဦးစားပေးလွန်းပြီး တစ်ခုခုဆို ဒေါသကို မထိန်းနိုင်ဘဲ ရှူးရှူးရှားရှားဖြစ်လွန်းတယ်၊ ဒါကြောင့် သတိလေးကပ်ပြီး ဘယ်အရာကိစ်စကိုမဆို တည်တည်ငြိမ်ငြိမ် ဖြေရှင်းတုံ့ပြန်နိုင်အောင် ကြိုးစားသင့်တယ်လို့ ဆင်ခြင်မိတယ်။
======================================*