Monday, January 7, 2013

**ငြိမ်းချမ်းရေးဆိုရင် မင်းလည်း အသုံးလုံး မကျေဘူး၊ ငါလည်း အသုံးလုံး မကျေဘူး၊ ဒီတော့ စာလုံးမပေါင်းတတ်တာ ဆန်းလား **


**ငြိမ်းချမ်းရေးဆိုရင် မင်းလည်း အသုံးလုံး မကျေဘူး၊ ငါလည်း အသုံးလုံး မကျေဘူး၊ ဒီတော့ စာလုံးမပေါင်းတတ်တာ ဆန်းလား **
ဒီဇိုင်း - ညီမင်းဝေ(အွန်လိုင်းလင်းရောင်ခြည်)


ငြိမ်းချမ်းရေးဆိုရင်
ရေးဖွဲ့ဖို့ရာ စကားလုံးရှာမရဘူး။

ငြိမ်းချမ်းရေးဆိုရင်
စပ်ဆိုဖို့ရာ သံစဉ်မညီညာဘူး။

ငြိမ်းချမ်းရေးဆိုရင်
ရိုက်ကူးဖို့ရာ ဖလင်တွေ မပီပြင်ဘူး။


ငြိမ်းချမ်းရေးဆိုရင်
ရေးဆွဲဖို့ရာ ဆေးသားတွေ မစုံလင်ဘူး။

ငြိမ်းချမ်းရေးဆိုရင်
သွန်းဆစ်ဖို့ရာ သစ်သားတွေ မလုံလောက်ဘူး။

ငြိမ်းချမ်းရေးဆိုရင်
သွေးအိုင်ထွန်းဖို့အတွက်တော့ ကျည်ဆန်တွေ ပိုပိုလျှံလျှံရှိတယ်။

ငြိမ်းချမ်းရေးဆိုရင်
စကားလုံးစစ်ထိုးဖို့အတွက်တော့ လက်နက်အင်အား အပြည့်အစုံရှိတယ်။

ငြိမ်းချမ်းရေးဆိုရင်
ဘောလီဘောပုတ်ဖို့အတွက်တော့ ကစားသမားတွေ အစုံအလင်ရှိတယ်။

ငြိမ်းချမ်းရေးဆိုရင်
တောင်းဆိုဖို့အတွက်တော့ နစ်နာသူတွေ အမြောက်အမြားရှိတယ်။

ငြိမ်းချမ်းရေးဆိုရင်
ပေးအပ်မှုတွေအတွက်တော့ ဆင်ခြေတွေ ထောင်းလမောင်းထအောင်ရှိတယ်။

ငြိမ်းချမ်းရေးဆိုရင်
မငြိမ်းချမ်းဖို့အတွက်တော့ ညစ်ထေးထေး စိတ်နှလုံးပေါင်းများစွာ တစ်ပုံတပင်ရှိနေတယ်။

ဆိုတော့ကာ . . . .
ငြိမ်းချမ်းရေးဆိုရင် မင်းလည်း အသုံးလုံးမကျေဘူး၊ ငါလည်း အသုံးလုံးမကျေဘူး
ဒီတော့
စာလုံးမပေါင်းတတ်တာ ဆန်းသလား

ကဲ . . . .ပြော ။ ။


ဝေမိုးနိုင်(မုံရွာ)

အွန်လိုင်းလင်းရောင်ခြည်စာပေ၀ိုင်းရဲ့ Title Series Program မှာ ပါဝင်ရေးသားခဲ့တဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကို အွန်လိုင်းလင်းရောင်ခြည်စာပေ၀ိုင်းရဲ့ ဘလော့ဂ်မှာလည်း တင်ဆက်ပေးထားပါတယ်။ ကဗျာလေးကို ရှုစားရင်း လင်းရောင်ခြည်ဘလော့ဂ်လေးကိုလည်း လေ့လာဖို့  ဒီလင့်ခ်ကလေးကနေ  သွားရောက်နိုင်ပါတယ်ခင်ဗျာ။

7 comments:

  1. အင်း.. ရေးထားတာလေးက မှန်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီကဗျာလေးကို share ခွင့်ပြုပါ။ လင်းရောင်ခြည်ဘလော့ဂ်လေးကိုလည်း လင့်ချိတ်ပါရစေ။

    ReplyDelete
    Replies
    1. စိတ်တိုင်းကျ share နိုင်သလို လင်းရောင်ခြည်ဘလော့ဂ်လေးကို လင့်ခ်ချိတ်မယ်ဆိုတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။

      Delete
  2. ဆိုတော့ကာ . . . .
    ငြိမ်းချမ်းရေးဆိုရင် မင်းလည်း အသုံးလုံးမကျေဘူး၊ ငါလည်း အသုံးလုံးမကျေဘူး
    ဒီတော့ စာလုံးမပေါင်းတတ်တာ ဆန်းသလား.....
    ကဲ . . . .ပြော...

    လန်းလွန်းလို့ ဘာပြောရမှန်းကို တိဝူး...:)
    မိုက်စ်ပါ......

    ReplyDelete
  3. ငြိမ်းချမ်းရေးလို့ ပြောနေပြီး လက်တွေ့မှာ မငြိမ်းချမ်းတဲ့လုပ်ရပ်တွေ လုပ်နေရင်ဖြင့်..
    စာလုံးပေါင်းတတ်ဖို့ လိုပါရဲ့...
    (ငြိမ်းချမ်းရေးဆိုရင်.............)

    ခင်မင်လေးစားစွာဖြင့်
    သဒ္ဓါ

    ReplyDelete
  4. ငြိမ်းချမ်းရေးဆိုရင် ... ဟုတ်ကဲ့ ငြိမ်းချမ်းရေးဆိုရင် ... ဟုတ်ကဲ့ ငြိမ်းချမ်းရေးဆိုရင် ... ပါခင်ဗျ ... ငြိမ်းချမ်းရေးဆိုရင် ... မောပါ့ ...

    ReplyDelete