Friday, October 19, 2012

ချစ်သူဖတ်ဖို့ ရေးတဲ့ကဗျာ


ဝင်းပကြည်စင် အပြုံးရှင်ကြောင့်
အကျွန့်ဘ၀င် လန်းရွှင်ရသည်
သာယာမြူးထူး ရှုကြည့်ဖူး။

တည်တံ့နေထား သူ့ထံပါးမှာ
ကိန်းဝပ်နေကား
အကြောင်းစဉ်ကို တွေးဆဆင်ခြင်
အကျွန့်ဘ၀င် မငြိမ်းတည်း ။


တွဲလိုတွဲလဲ မျက်ရည်ပုလဲတို့
ရစ်ဝိုင်းဖွဲ့သီ သူ့မျက်ဝန်းဆီ
နာကျင်ထိရှ အကျွန့်ဟဒယ။

ရယ်မောပျော်ရွှင် တည်ကြည်ခိုင်မြဲ
ခံစားရှိုက်ငို  ချစ်သူပျိုကို 
လုံခြုံနွေးထွေး မေတ်တာတေးနှင့်
ချစ်ခြင်းသံစဉ် ရွှေနားသွင်းချင်
သခင် နားဆင်ပါလိမ့်လော..........။

မိုးအောက်မြေပြင် ဇမ်ဗူတစ်ခွင်
သိမ်းပိုက်ဆွဲငင် ချစ်သူခင်ကို
ရင်မှာထွေးပွေ့ စိတ်ကူးတွေးနှင့်
ညင်သာအနမ်းတစ်ပွင့် ခြွေလိုက်ချင်..............။

စိတ်ထားကြည်ဖြူ  အလိုတူလျှင် 
လာလှည့်ပျိုခင် အကျွန်ဆီးကြိုချင်
မွေ့လျော်ပိုက်ပျော်  အကျွန်ထားမယ်နော်
သက်ဆင်းမြန်းဝင်     အကျွန့်ရင်ခွင်............................။                   ။


ဝေမိုးနိုင်(မုံရွာ)



ခုတစ်လော ကဗျာတွေချည်းရေးဖြစ်နေတာ ဘာကြောင့်မှန်းမသိပါဘူး။ ရေးလိုက်ရင်လည်း ပုဒ်ရေတော်တော်များများမှာ အချစ်အကြောင်းက ပါပါနေတတ်တော့ တချို့ကတောင် အထင်လွဲကုန်ကြပြီ။ ကာရန်ကဗျာကိုရေးရတာ အင်မတန်တာဝန်ကြီးပါတယ်။ ကာရန်ညီမှုအပြင်  အဓိပ်ပါယ်သွေဖည်မသွားဖို့ကိုလည်း အားထုတ်ရပါတယ်။ ကျွန်တော်အမြဲလိုလိုပြောလေ့ရှိတဲ့အတိုင်းပါပဲ။ ကျွန်တော် ၀န်ခံပါတယ်။ ကျွန်တော် ကဗျာမကျွမ်းကျင်ပါဘူး။ ကဗျာအဖတ်လည်း နည်းပါတယ်။ ဒါကြောင့် လိုအပ်ချက်၊ ချို့ယွင်းချက်များကို သည်းညည်းခံဖတ်ရှုပေးကြဖို့ အနူးအညွတ် မေတ်တာရပ်ခံပါတယ်ခင်ဗျာ။

မေတ်တာဖြင့်
ဝိုင်မိုးနေ (မုံရွာ)


6 comments:

  1. ကလောင်နာမည် မိုက်သားပဲ အစ်ကိုရ
    ကလေင်ခွဲလား ... ဟုတ်လား
    ဒီကဗျာက အချစ်မရှိသောသူ၏ အချစ်ကဗျာပေါ့
    ကဗျာလည်း ကျွန်တော်လည်း သိပ်မဖတ်ဖြစ်ဘူး
    ရေးရင်လည်း ကာရန်နံဘေတွေနဲ့လည်း မရေးဖူးဘူး
    လိုအပ်ချက် ချို့ယွင်းချက်တွေကို မဝေဖန်တတ်ပေမယ့်
    ရေးတတ်သားလို့တော့ ချီုးကျူးချင်ပါတယ်

    ReplyDelete
  2. ချစ်သူဖတ်ဖို့ဆိုပေမယ့်လဲ ကဗျာလေးကကောင်းလွန်တော့ လာရောက်အားပေးသွားပါတယ် ။
    မိုးအောက်မြေပြင် ဇမ်ဗူတစ်ခွင်
    သိမ်းပိုက်ဆွဲငင် ချစ်သူခင်ကို
    ရင်မှာထွေးပွေ့ စိတ်ကူးတွေးနှင့်
    ညင်သာအနမ်းတစ်ပွင့် ခြွေလိုက်ချင်..............။

    ReplyDelete
  3. မိုးအောက်မြေပြင် ဇမ်ဗူတစ်ခွင်
    သိမ်းပိုက်ဆွဲငင် ချစ်သူခင်ကို
    ရင်မှာထွေးပွေ့ စိတ်ကူးတွေးနှင့်
    ညင်သာအနမ်းတစ်ပွင့် ခြွေလိုက်ချင်..............။
    စိတ်ထားကြည်ဖြူ အလိုတူလျှင်
    လာလှည့်ပျိုခင် အကျွန်ဆီးကြိုချင်
    မွေ့လျော်ပိုက်ပျော် အကျွန်ထားမယ်နော်
    သက်ဆင်းမြန်းဝင် အကျွန့်ရင်ခွင်............................။

    ဒီအပိုဒ်လေးတွေ အရမ်းကြိုက်တယ်ဆရာ...သိပ်နူးညံ့တာပဲနော်...
    ဆရာ...စာရေးတာကို အလေးပေးတာရဲ့ တစ်ဝက်လောက်သာ
    ကဗျာတွေအပေါ်မှာ အာရုံဝင်စားမှုရှိကြည့်ပါလား....
    မိမိုးနတ်တို့ ငုတ်တုတ်မေ့ပြီး ထိုင်ငိုနေရမယ်...
    အဲလောက်တော်တယ်...ဆရာ....
    ကဗျာတွေများများရေးပါနော်...မိုးနတ်တော့ ကွန်ပြူတာကို
    ကြာကြာမကြည့်နိုင်လို့ လောလောဆယ်ငုတ်တုတ်မေ့နေတယ်..
    ပို့စ် အသစ်တောင်မနဲကြိုးစားပြီး ကွန်ပြူတာကို ကြည့်တင်နေရတယ်
    သူများအိမ်တွေလဲ လည်နိုင်ဘူး...စာကြွေးတွေလဲ အများကြီးလိုက်
    ဆပ်ရအုံးမယ်....ဟင့်....

    ReplyDelete
  4. ဒါလားကဗျာမရေးတတ်တာ ...
    ဟဲ့ကောင်မလေး ... ညည်းကဗျာရေးတတ်တယ်ဆိုတာ ညည်းသိရဲ့လား ... :P

    ReplyDelete
  5. ခံစားချက်တွေအရမ်းပြင်းထန်နေပါလားဗျ...။ကျွန်တော်ကတော့ ကဗျာကိုကာရံတွေနဲ့မရေးတတ်ဘူး။
    အစ်ကိုလေး ရေးတာကောင်းပါတယ်...။

    ReplyDelete
  6. ကာရန်နဘေတွေနဲ့  ကဗျာလေးက ချစ်စရာကောင်းတယ်..

    ReplyDelete