Thursday, July 26, 2012

ပု စ္ဆာ



မိုးလေးက တစ်ပြိုက် နှစ်ပြိုက်

ကောင်းကင်ကြီးက မှုန်မှိုင်းမိုက်

ဒီ့နောက်....သဲသဲမဲမဲ ရွာသွန်းလိုက်

လေကလေးက  ပြင်းပြင်းတိုက်

ဥတုက အိမ်တွေကို ခေါင်လှန်ကိုက်

ကပ်မိုးကြားက မိုးစက်တွေ ယိုစီးခိုက်

ချောင်တစ်ချောင်မှာ နှစ်နှစ်အရွယ် မောင်လေးကို ပိုက်

ငိုကြွေးနေတဲ့ကောင်မလေးကို သဘာဝက ခြောက်လှန့်ရိုက်

ဖေကြီး ဘာလို့ပြန်မလာသေးတာလဲ

မေကြီး ဘာကြောင့် သမီးတို့ကို ခွဲသွားတာလဲ

မောင်လေး ဘာကြောင့်ငိုနေရတာလဲ

ဝမ်းဗိုက်ထဲက ဘာလို့ တကျုတ်ကျုတ်ဆာလောင်နေရတာလဲ

မိုးတွေကရော.....ဘာကြောင့် မစဲဘဲ ရွာနေသေးတာလဲ........။         ။


ဝေမိုးနိုင်(မုံရွာ)


4 comments:

  1. ထိတ်လန့်ကြောက်ရွံ့အားငယ်နေမယ့် ကလေးလေးတွေကို မြင်ယောင်မိတယ်

    ReplyDelete
  2. ဒီကဗျာလေး ဖတ်ပြီး
    ဆရာမောင်ရှင်စော ရေးသားတဲ့
    ကြောင်ကလေးဆိုတဲ့ ဝတ္ထုတိုလေးကို
    သွားပြီးသတိရမိတယ်
    အဖေ ပြန်မလာလို့ အရမ်းကြောက်နေတဲ့
    ကလေးလေးတစ်ယောက်ကို မျက်လုံးထဲမှာ လင်းခနဲ မြင်လိုက်ရတယ်
    ရေးတတ်ပါပေ့

    ReplyDelete
  3. ဘဝကို ထင်ထင်ရှားရှား မီးမောင်းထိုးပြထားတဲ့ကဗျာလေးပါလား ဝေမိုးနိုင်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဆာလောင်မွတ်သိပ်စွာ ငိုကြွေးနေသော မောင်နှမ(၂)ယောက် ... :(

    ReplyDelete