Monday, July 16, 2012

“ မြန်မာ့အာဇာနည် ”

ဒီစာအုပ်လေးက အာဇာနည်နေ့အကြောင်း ကာတွန်းလေးပါ။

၁၉ဇူလိုင် မမေ့နိုင်

မျက်ရည်သွန်းဖြိုး တဖြိုင်ဖြိုင်

အာဇာနည်များ ကျဆုံးကြ

မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရ

နယ်ချဲ့ကျေးကျွန် သူယုတ်မာ

ရိုင်းစိုင်းပက်စက် ကြံဝံ့တာ

ဗိုလ်အောင်ဆန်းနှင့်ညီနောင်တစ်စု

ပြည်သူ့ထံမှ ခွဲခွာမှု

လွတ်လပ်ဖို့ရေး ကြိုးပမ်းတာ

ရဲရဲဝံ့ဝံ့ မနေမနားပါ

ကိုယ်ကျိုးမဖက် ပြည်သူအတွက်

အာဇာနည်တို့ ဆောင်ရွက်ချက်။            ။


ဝေမိုးနိုင်(မုံရွာ)

(၆၅) နှစ်မြောက် အာဇာနည်နေ့အမှတ်တရ

4 comments:

  1. ကဗျာလေးက ကောင်းလိုက်တာ ဝေမိုးရေ ..

    ReplyDelete
  2. ရသစုံတဲ့ကဗျာလေး အားပေးသွားတယ် ဝေမိုးနိုင်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လက်စွမ်းထက်လှချေလား။

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာ ...
    ကလေးကဗျာလေးတွေလည်း အစ်ကိုက ရေးတတ်တာပဲ

    ReplyDelete