Wednesday, July 11, 2012

လွင်ပြင်ဆည်းဆာ စိမ်းလန်းစွာ

ခိုင်ရွှေဝါနဲ့ နှင်းဆီ
သနပ်ခါးပင်


နှင်းဆီနက်ဟု ဆိုသည်။
 အဘွားအို
ပန်းပင်တစ်အုပ် 
အလုပ်ရှုပ်နေပေါ့။

စံပယ်၊ နှင်းဆီ ၊ ဇီဇ၀ါ ၊ သနပ်ခါး၊ 
ခိုင်ရွှေဝါနဲ့သစ်မင်း
အလှချင်းတွေပြိုင်ကုန်ကြ
မွှေးရနံ့တွေသင်းပျပျ
စိမ်းလန်းခြင်းက အေးမြမြ
မာနတွေ ခ၀ါချမိရ
ဒေါသတွေ အရည်ပျော်ကျ
လောဘတွေ လောင်မီးကျ
ရိုးတံစိမ်းစိမ်း သစ်ရွက်စိမ်းစိမ်းကြား
ပန်းပွင့်လေးတွေက ဖြူနီညိုပြာ ယိမ်း
သစ်ပင်တွေ ပထ၀ီမြေထုအောက်
 နစ်မြုပ်ပျောက်ကွယ်စပြုနေတဲ့အကြောင်း
ပင်လယ်သမုဒ္ဒရာတွေကောင်းကင်အထက် 
ထွက်ပြေးပုန်းရှောင်နေတဲ့အကြောင်း
မြေဆီလွှာတွေ ကိုလိုနီနယ်မြေရှာဖွေနေရတဲ့အကြောင်း
အဘွားအို တစ်ခုမှ မသိ
သူသိတာ အေးချမ်းတာ၊ သာယာတာ၊
နှလုံးစိတ်ဝမ်း ရွှင်လန်းနေတာ
ကြည်ကြည်နူးနူး ရယ်ရယ်မြူးမြူး
ဆူးစူးတာတောင် အပြုံးမပျက်ဘူး
အဘွားအို ရင့်ကျူးတယ်
ဒီဒုက္ခတော့မမှုဘူးတဲ့
ဟိုနားစိမ်းစိမ်း၊ ဒီနားစိမ်းစိမ်း
မြင်သမျှဟာ စိမ်းနေတယ်
ကြာရင် ငါပါစိမ်းသွားတော့မှာ 
ငါပါ သစ်ပင်တစ်ပိုင်း ပန်းပင်တစ်ပိုင်းဖြစ်သွားတော့မှာ
ဒါကြောင့်  သူတို့အတွက် ငါ  အမျက်ထွက်စရာမလိုဘူးတဲ့
ကြားရ နားဝချမ်းမြေ့စရာ
မြင်ရ ဘ၀င်က ကြည်မွေ့ချင်စရာ
အနာဂတ်ဟာလည်း လှလှပပ စိမ်းစိမ်းမြမြ
ပုတီးတစ်လက် ပန်းတစ်ခက်နဲ့ 
ရှုမျှော်နေတာ ညိုမှောင်ရီဆည်းဆာ
ငြိမ်းချမ်းရေးဟာ သံလွင်ခက်မလို ၊ ချိုးဖြူငှက်မလိုဘဲ
အဘွားအိုရဲ့ နံဘေးမှာ....။

ခုလည်း 
အဘွားအိုဟာ  
ပန်းပင်တစ်အုပ်နဲ့အလုပ်ရှုပ်နေတာ..........။           ။

ဝေမိုးနိုင်(မုံရွာ)

7 comments:

  1. အဲဒီအဘွားအိုရဲ့ဘေးက ပန်းပွင့်လေးတစ်ပွင့် ဖြစ်ခွင့်ရချင်ပါတယ်.။
    (စိတ်ချင်းနီးနေရင်လည်း နီးတာပါပဲလေ.။)
    ကဗျာလေးအတွက် စာရေးကောင်းတဲ့ ဆရာလေးကို ချီးကျူးမိတယ်။
    ချမ်းမြေ့ပျော်ရွှင်ပါစေ.။
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  2. ကဗျာကောင်းလေးအတွက်ကျေးဇူးပါ

    ReplyDelete
  3. မောင်လေးရေ...

    မကြီးလွမ်း လင့်ချိတ်ပြီး အရောက်လာခဲ့ပါတယ်။
    ကဗျာကောင်းတွေရော စာကောင်းတွေရော
    ဆက်လက်အားပေးနေပါမယ်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  4. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  5. ကဗျာလေးဖတ်ပြီး အဖွားအို ဘဝကိုတောင်အားကျသွားတယ်။.
    ငြိမ်ငြိမ်းချမ်းချမ်း ကဗျာလေးပါဘဲ

    ReplyDelete
  6. ကဗျာလေးကောင်းလိုက်တာ
    အားပေးသွားတယ် အစ်ကိုရေ

    ReplyDelete
  7. အဖွားအိုရဲ့ စစ်မှန်တဲ့အေးချမ်းမှုကိုရစေနိုင်မဲ့ အတွေးလေးမျိုး
    လူတိုင်းကိုယ်စီတွေးနိုင်ကြရင် ကောင်းမှာပဲ ဝေမိုးနိုင်ရေ။
    ကဗျာကောင်းလေးတွေ အမြဲအားပေးနေတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete