Sunday, May 20, 2012

ချင်းတွင်း သလ္လာ ဇေယျာတစ်ပြ အမှတ်တရ ဓါတ်ပုံအလှ


ချင်းတွင်းမြစ်ရေ တက်နေတဲကအချိန်ကပါ။ အမှိုက်သရိုက်တွေနဲ့ မြစ်ရေပြင်ရယ်၊ အနားက သစ်ပင်ကြီးရယ်၊ နောက်ခံက ချင်းတွင်းတံတားကြီးရယ်ပါ။ ( အနီးကပ်ကြည့်လိုလျှင် ပုံကို ကလစ်ပါ။)
ဒီနေရာလေးကနေ အပေါ်က ဓါတ်ပုံကို ရိုက်ခဲ့တာပေါ့။ ဒါကသူငယ်ချင်းတွေပါ။ ဟိုဘက်မှာ ခေါင်းလေးသေးသေးထွက်နေတဲ့သူငယ်ချင်းကတော့ မြင်ရတဲ့ နွံတွေပေါ်က  ခြုံတွေကို နင်းပြီးမလာရဲဘူးဆိုလို့ ကျန်နေရစ်လေရဲ့။
မြင်လိုက်ရတဲ့ လှေသမားတွေကို အဝေးရောက်မှ zoom လှမ်းဆွဲပြီး ရိုက်လိုက်တာ။ ဒီဓါတ်ပုံလေးကို တော့ တော်တော်ကြိုက်မိတယ်။

ဗောဓိတစ်ထောင်ကိုသွားတုန်းက ရပ်တော်မူဘုရားကြီးနောက်က ပန်းခြံလေးထဲထိုင်ရင်း ပန်းလေးလှတယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်ကောက်ရိုက်လိုက်တဲ့ ဓါတ်ပုံပါ။
ချင်းတွင်းတံတားအလွန်က ရွှေတောင်ဦး စေတီအလွန်က စိမ်းမြမြ မြက်ခင်းတွေနဲ့တောင်ကုန်းတွေပါ။ ဒီပေါ် ဆိုင်ကယ်နဲ့ပြိုင်တက်ကြ၊ ခြေကျင် တောင်တက်တောင်ဆင်းဆော့ကြနဲ့ ပျော်စရာသိပ်ကောင်းတာ။ သိပ်လည်း သာယာတယ်။

ကျောက္ကာ ၊ ထန်းဇလုပ် ချောင်းက ကျောက်တောင်ကြီးပါ။ မျက်စိထဲကြည့်ကောင်းတာနဲ့ရိုက်ပစ်လိုက်တာ

သင်္ကြန်တုန်းက မြစ်ဆိပ်မှာရိုက်ခဲ့တာ
ပုံက ခပ်ဝါးဝါးဖြစ်နေတယ်။ အဝေးကြီးကဆိုတော့ zoomဆွဲပြီးရိုက်တာ သိပ်မပီပြင်ချင်ဘူး။ ဘာလုပ်ထားကြတယ်မပြောတတ်ပါဘူး။ အဲဒီမယ် တောင်ကတုံးကြီးကိုဖြစ်လို့။
အရင်ကဆို ဒီမဏ္ဍပ်က တော်တော်စည်တယ်။ ဆောက်လုပ်ရေးမဏ္ဍပ်တဲ့။ မြစ်နဲ့နီးတော့ ရေပေါတာကိုး။ ဒီနှစ်ကတော့ မုံရွာသင်္ကြန်က ခြောက်ကပ်နေတာပဲ။
သင်္ကြန်မှာ ခေတ်အစားဆုံး ဖက်ရှင်ဆိုရင်  “ ဗိုလ်ချုပ် ဖက်ရှင် ” “ အမေစုဖက်ရှင်” “NLD ဖက်ရှင်” လို့ဆိုရမှာပါ။
သူငယ်ချင်းတွေမြောက်ပေးလို့  ဖြစ်ပျက်နေတဲ့ ကျွန်တော့်ပုံစံ
သင်္ကြန်မတိုင်ခင် ( မတ်၃၀) မလှိုင်ကအပြန် စစ်ကိုင်းမှာ စည်းရုံးရေးဆင်းနေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အားပေးနေကြတဲ့ပြည်သူလူထု။
မန္တလေးအနီး
စစ်ကိုင်း NLD ရုံးရှေ့

ဖိုလ်ဝင်တောင်က မျောက်သားအမိ
ဘာရယ်မဟုတ်ဘူး။ ကြည့်ရတာလှလို့ရိုက်လိုက်တာ။

6 comments:

  1. ဓါတ်ပုံလေးတွေ လာကြည့်သွားတယ် ဝေမိုးရေ

    ခင်တဲ့
    အစ်မဝသုန်

    ReplyDelete
  2. မြစ်ဆိပ်မှာ ရိုက်ထားတဲ့ပုံ မိုက်တယ် ဆရာ...
    ထော်ဦး

    ReplyDelete
  3. ပုံလေးတွေ လှလိုက်တာ မောင်လေးရေ..
    တချို့ကို အစ်မ သိမ်းထားချင်လို့ ယူသွားပါတယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ပုံလေးတွေလာကြည့်သွားပါတယ်

    ReplyDelete
  5. ချင်းတွင်းတံတားအလွန်က ရွှေတောင်ဦး စေတီအလွန် စိမ်းမြမြ မြက်ခင်းတွေနဲ့ တောင်ကုန်းလေးကို
    သဘောကျလိုက်တာ.။ လွတ်လွတ်လပ်လပ်နဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ နေရာမျိုးလေးပဲ ဆရာဝေမိုးရေ..
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  6. လွမ်းတယ်... မုံရွာ...
    မုံရွာက ချစ်သူကိုလဲ.. လွမ်းတယ်..


    KK

    ReplyDelete