Saturday, April 14, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်သားစရာ စကားတစ်ခွန်း

Google မှ ရယူပါသည်။



 တစ်လောက ကြည့်ခွင့်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ Virginia Tech က ကျောင်းသား၊ ကျောင်းသူတွေ အမေးအဖြေ ဒီဗီဒီခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းက အင်မတန်မှတ်သားစရာကောင်းလှပါတယ်။

သူ့ဘ၀မှာ ငယ်စဉ်ကတည်းက တာဝန်ဆိုတာ ဘ၀ရဲ့ အရေးအကြီးဆုံးအရာတွေထဲက တစ်ခု လို့ သင်ကြားပေးခြင်းခံခဲ့ရပါတယ်တဲ့။ အဲဒီစိတ်ကြောင့်လည်း ၁၉၈၈ခုနှစ်က လူထုအုံကြွမှုကြီးမှာ သူ့အနေနဲ့ ပါဝင်ဖို့ တာဝန်ရှိတယ်လို့ ယူဆတာကြောင့်ပါဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။


ကျွန်တော်ကတော့ ဒီစကားလေးကို နှစ်သက်လွန်းလို့ share လုပ်လိုက်တာပါ။ တချို့တွေ သိကောင်းသိပြီးကြပါလိမ့်မယ်။ မသိသေးသူများအတွက် ရည်ညွှန်းပါတယ်ခင်ဗျာ။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

  ဝေမိုးနိုင်(မုံရွာ)

4 comments:

  1. မှတ်သားဖို့  ကောင်းတဲ့ စကားလေးပါ

    ReplyDelete
  2. သူပြောတဲ့ စကားတိုင်းမှာ အနှစ်အသားပါတာချည်းပါပဲ။ ကိုယ်တို့ မကြားဖူးသေးဘူးဒီစကားကို ။ ကျေးဇူးပဲ ကိုယ့်ညီ။

    သက်စိုးကျော်

    ReplyDelete
  3. ကိုလည်း သူစကားပြောတာကို နားထောင်ခဲ့ရပါတယ်....ပြန်ရှယ်လို့ ကျေးဇူးညီ...

    ReplyDelete
  4. မျှဝေပေးလို့ ကျေးဇူးပါ

    ReplyDelete