Thursday, June 28, 2012

ကြယ်ပျိုးဥယျာဉ်

from Google

တက္ကသိုလ်တဲ့လား
အမျိုးအစားတော့ အထွေထွေရှိတာပေါ့
ဒါပေမယ့် တက္ကသိုလ်က တက္ကသိုလ်ပါပဲ
တက္ကသီလ တက္ကသိုလ်ကနေ
ပညာတတ်တွေ ထွက်ခဲ့တယ်
ပညာရှင်တွေ ထွက်ခဲ့တယ်
ပညာရှိတွေ ထွက်ခဲ့တယ်
ဗိုလ်ချုပ်အောင်ဆန်းလည်း တက္ကသိုလ်ကျောင်းသားဘ၀ကလာတာပဲ
ဦးနုလည်း တက္ကသိုလ်ကျောင်းသားပဲ
ဦးသန့်လည်း တက္ကသိုလ်က ဘွဲ့ရတာပဲ
ဇော်ဂျီလည်း ဒီဘ၀ကပဲ
မင်းသုဝဏ်လည်း ဖြတ်သန်းခဲ့ဖူးတာပဲ
ဒေါ်အောင်ဆန်းစုကြည်လည်း အောက်စဖို့က ဘွဲ့ရတာပဲ
ကိုမင်းကိုနိုင်လည်း တက္ကသိုလ်ကျောင်းသားပဲ
............................လည်း တက္ကသိုလ်ကျောင်းသားပဲ
............................လည်း ဒီဘ၀ကလာတာပါပဲ
တက္ကသိုလ်လာရတဲ့ ရည်ရွယ်ချက်က
ပညာသင်ဖို့၊ ပညာရဖို့၊ ပညာရှာဖို့၊ ပညာရယူဖို့
ပညာဆည်းပူးဖို့၊ လေ့လာဖို့၊ မှတ်သားဖို့
တတ်မြောက်ဖို့၊ နားလည်ဖို့၊ ကျွမ်းကျင်ဖို့၊ လက်တွေ့အသုံးချနိုင်ဖို့....။
မြေလတ်မောင်မြင့်သူက အလင်းဆုံးကြယ်ဟာ လူငယ်တဲ့
ဒါဆိုရင် လူငယ်တွေရဲ့ တက္ကသိုလ်ဟာ
ကြယ်ပျိုးဥယျာဉ်ကြီးပေါ့
ကြယ်ဖြူ၊ ကြယ်ဝါ၊ ကြယ်ပြာ၊ ကြယ်စိမ်း
အရောင်အမျိုးမျိုး လိမ်းကျံထားကြတယ်။
တစ်ချိန်မှာ ကောင်းကင်ယံထက် အနှိုင်းအဆမဲ့ လင်းလက်ဖို့
တစ်ချိန်မှာ အားလုံးကို ရှေ့ဆောင်လမ်းပြနိုင်ဖို့
တစ်ချိန်မှာ စကြ၀ဠာကြီးတစ်ခုလုံးကို ဦးဆောင်ဦးရွက်ပြုဖို့
ကြယ်လေးတွေဟာ ဥယျာဉ်ကြီးမှာ ပျိုးထောင်ခံရ
ကိုယ့်အားစိုက်ထုတ် ပျိုးနုတ်ကြရ၊ ပေါင်းသင်ကြရ
ရေလောင်းပေးခံကြရ
ဒီလိုနဲ့ တစ်ချိန်မှာလင်းလက်လာမယ့်ကြယ်လေးတွေပါ
ဒါပေမယ့် မလင်းခင် ကြယ်ပျိုးပင်ဘ၀က
မကြွေလွင့်ဖို့ ကိုယ့်ကိုယ်ကိုယ်
ထိန်းကျောင်း ပဲ့ပြင် သွန်သင် ဆုံးမ
ကိုယ့်ဘ၀ကိုယ် လှစေဖို့ပေါ့
ဦးခေါင်းကို မော့ထား
ရင်ဘတ်ကို ကော့ထား
ဦးနှောက်ကို ရှင်းလင်းထားပြီး
ပညာကိုရှေ့ရှု  တက္ကသိုလ်ကို အမှူးပြုဖို့
အားစု စိုက်ထုတ် ကြိုးပမ်းဆောင်ရွက် ကြပါစို့။         ။

 ဝေမိုးနိုင်(မုံရွာ)

8 comments:

  1. ဟုတ်ပါ့...
    ကျွန်တော်လည်း တက္ကသိုလ်ကျောင်းသားပါပဲလို့ ...
    ပြောကြားရင်း...
    ကမန်းကတန်းနဲ့ အလည်ရောက်လာပါကြောင်း...
    ထော်ဦး

    ReplyDelete
  2. ဟုတ်တယ်ဗျို့..
    ထောက်ခံပါတယ်။
    ကြိုက်ပါတယ်။
    လေးစားပါတယ်။

    ReplyDelete
  3. ရေးထားတာက တစ်ကယ်အနှစ်သာရပြည့်ဝတဲ့ ကဗျာတစ်ပုဒ်စာတစ်ပုဒ်ပါ..။ နောက်လည်း အားပေးနေပါမယ်ရှင်.

    ReplyDelete
  4. ဟုတ်တယ်ညီရေ....ကောင်းတယ်....ညီ့စကားနဲ့ပြောမယ်ဆိုရင် တက္ကသိုလ်ဆိုတာ ကြယ်အမျိုးမျိုးကို ပျိုးထောင်ပေးနေတဲ့ ဥယျာဉ်ကြီးပေါ့....ဘယ်လိုကြယ်မျိုးဖြစ်မယ်ဆိုတာ ကြယ်တွေအပေါ်မှာဘဲ မူတည်တယ်....

    ReplyDelete
  5. ကြယ်ပျိုးဥယျာဉ် သိပ်ကောင်းတဲ့ စကားလုံးလေး..မှန်ပါတယ် ပညာမြင့်မှ လူမျိုးမြင့်မှာပါ..

    ReplyDelete
  6. Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  7. ကဗျာကောင်းတစ်ပုဒ်ကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဆရာဝေမိုး။
    ချမ်းမြေ့ပါစေ..။
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  8. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete