Monday, April 2, 2012
ဧပရယ်ဖူးလ်မှာတို့တွေ အရူးမဖြစ်ခဲ့ကြဘူး
ဧပရယ်ဖူးလ်မှာ အရူးမဖြစ်ခဲ့တာ သေချာသွားပြီပေါ့.....
သူ့ထက် မင်္ဂလာအရှိဆုံးသတင်းတောင် သူ့လောက်မင်္ဂလာမရှိဘူး
ဝမ်းသာလိုက်တာ ...........
ကြည်နူးလိုက်တာ..........
ပျော်ရွှင်လိုက်တာ............
ခံစားမှုတွေက ရင်ထဲမှာတင်းပြည့်ကျပ်ပြည့်
တစ်ချိန်က စိုးရိမ်ပူပန်မှုများ
တစ်ချိန်က မောပန်းနွမ်းလျမှုများ 
တစ်ချိန်က ရင်ဆိုင်ဖြတ်သန်းခဲ့ရမှုများ
အားလုံး အရည်ပျော်ပျောက်ကွယ်သွားကြပြီ
အမှန်တရားဆိုတာ ကြာကြာငုပ်လျှိုးမနေဘူးတဲ့
ဘယ်သူတွေ ဘယ်လောက် နှောင့်ယှက် နှောင့်ယှက် 
ဘယ်သူတွေ ဘယ်လောက် ခြေထိုး ခြေထိုး 
တို့တွေ အောင်ပန်းကို ပျိုးနိုင်ခဲ့ပြီ
ရှေ့ခရီးဆက်ဖို့ ခွန်အားတွေ ရခဲ့ပြီ
ဧပရယ်ဖူးလ်မှာ တို့တွေ အရူးမဖြစ်ခဲ့တာ သေချာသွားပြီ
 ဧပရယ်ဖူးလ်မှာ တို့တွေ အရူးမဖြစ်ခဲ့တာ သေချာသွားခဲ့ပြီ
ဧပရယ်ဖူးလ်မှာ တို့တွေ အရူးမဖြစ်ခဲ့တာသေချာသွားပြီကွ....................။       ။ 
ဝေမိုးနိုင်(မုံရွာ)
အရမ်းပျော်နေလို့ ရေးမိရေးရာ ရေးလိုက်တာပါ။ ကဗျာ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။ အားလုံး ကိုယ်ချင်းစာနားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းပါခင်ဗျား။
8 comments:
  1. ခံစားမှုတွေက ရင်ထဲမှာတင်းပြည့်ကျပ်ပြည့်
    တစ်ချိန်က စိုးရိမ်ပူပန်မှုများ
    တစ်ချိန်က မောပန်းနွမ်းလျမှုများ
    တစ်ချိန်က ရင်ဆိုင်ဖြတ်သန်းခဲ့ရမှုများ
    အားလုံး အရည်ပျော်ပျောက်ကွယ်သွားကြပြီ
    အဲဒီ့ရေးဖွဲ့ချက်လေး လှတယ်ဗျာ..
    အသံထွက်ပြီးဖတ်လေ ပိုပြီး စွဲထင်လေပါပဲ.
    ဘရာဗို ဘရားသား...း)
    ခင်မင်လျက်
    Y.
    ReplyDelete
  2. ခံစားချက်လေးတွေ ဝေမျှသွားပါတယ်ဗျာ......
    ReplyDelete
  3. ဒီကဗျာလေးဟာ အမေစု ချစ်ပရိသတ်တွေအတွက် အားဆေးတစ်ခွက်မို့ ကွန်ဂရက်ကျူလေးရှင်းပါ...
    ReplyDelete
  4. မဲမှာ ကလိန်ကကျစ်လုပ်ထားတယ်လို့  ကြားတုန်းက
    ရင်ထဲမှာ မကောင်းဘူး ဖြစ်နေတယ်...
    အခုတော့ ...ထင်ထားတဲ့အတိုင်း
    ဖြစ်လာတယ်ဆိုတော့...
    အဲ...ဆိုင်မဆိုင်တော့ မသိဘူး...
    နောက်ပိုင်း စာနယ်ဇင်း လွတ်လပ်ခွင့်ရလာတာကို
    ပွင့်ပွင့်လင်းလင်း ဘယ်သူ့ ဘက်မှ မလိုက်ဘဲ
    ရေးသားထားတာလေးတွေကိုလည်း အခုတလော ဖတ်ခွင့်ရနေလို့ လေ...
    ဒီမိုကရေစီ ရောင်ခြည်တန်းနေပြီး ထင်ပါရဲ့ ...
    အပျော်တွေ မျှဝေခံစားသွားပါကြောင်း...
    ထော်ဦး
    ReplyDelete
  5. အားလုံးနဲ့ထပ်တူ ပျော်ရွှင်မိပါတယ်။
    အနီရောင်လွှမ်းနေတွှဲ့ ပုံရိပ်တွေကြည့်ရတာ တကယ်ကိုကြည်နူးပျော်ရွှင်ပြီး အားရဖို့ကောင်းလှပါတယ်.
    ကျက်သရေရှိသော ဧပရယ်ပါဘဲ
    ReplyDelete
  6. ခံစားချက်လေး မျှဝေကြည်နူးသွားပါတယ်
    ReplyDelete
  7. ထပ်တူ ပျော်ရွှင်ရပါတယ် မောင်လေး။
    ကဗျာလေးဖတ်နေရင်း ကဗျာရေးသူဟာ ကဗျာရေးနေတုန်းက ပျော်လွန်းလို့ဆိုပြီး ရင်တွေခုန်နေတယ်လို့ ခံစားမိလိုက်တယ်။
    ခင်တဲ့
    မြတ်
    ReplyDelete