Monday, February 6, 2012

ဆရာဦးဝင်းငြိမ်းခန့်မှန်းတဲ့ အကယ်ဒမီ

ဆရာဦးဝင်းငြိမ်းဆိုရင် အားလုံးသိကြတဲ့အတိုင်း ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း(teen magazine) ၊ အလင်းတန်းဂျာနယ်တို့ရဲ့ ပဲ့ကိုင်ရှင် အယ်ဒီတာချုပ်ဖြစ်ပါတယ်။ ဆရာက ၆ရက်၊၂လ၊ ၂၀၁၂ခုနှစ်ရက်စွဲနဲ့ ထုတ်ဝေလာတဲ့ အလင်းတန်းဂျာနယ်မှာ ၂၀၁၀ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက သူ့စိတ်ကြိုက်ထူးချွန်သူများကို ထုတ်နုတ်ရွေးချယ်ပြလာပါတယ်။
အဲဒီသူတွေကတော့

ရုပ်ရှင်ဒါရိုက်တာဆုအတွက် ပင်လယ်ထက်ကနေ၀န်းနီဇာတ်ကားမှ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် တို့ကို ခန့်မှန်းပြီး ၀ိုင်းကို အာဒမ်ဧ၀ဒသမှာ အကြောင်းအမျိုးမျိုးကြောင့် အမှတ်လျှော့ပေးထားတာဖြစ်ကြောင်းနဲ့ မမျှော်လင့်ဘဲ ဂုဏ်ထူးထွက်ချင်ထွက်နိုင်ကြောင်းပါ တစ်ဆက်တည်းပြောထားပါတယ်။
ရုပ်ရှင်တေးဂီတဆုအတွက် အငိုမျက်လုံးအပြုံးမျက်နှာက မြန်မာပြည်ကျောက်စိမ်းကို ရစေချင်ပါတယ်တဲ့။
အမျိုးသားဇာတ်ဆောင်ဆုအတွက် အာဒမ်ဧ၀ဒသမှ ပြေတီဦးကို ခန့်မှန်းပြီး ဒီကားမှာပဲ သက်မွန်မြင့်လည်းရနိုင်ကြောင်း၊ သို့ပေမယ့် အမေ့ကျေးဇူးဆပ်ဖူးချင်တယ် မှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတာဖြစ်တဲ့ အပြင် မိခင်မေတ္တာဖော်ကျူးတဲ့ ဒရာမာဇာတ်ရုပ်မို့ အမေ့ကျေးဇူးနဲ့ ပိုရနိုင်ကြောင်း၊
အမျိုးသားဇာတ်ပို့ဆုအတွက် စိုင်းစိုင်းခမ်းလှိုင်ကို အာဒမ်ဧ၀ဒသ မှာရနိုင်ပေမယ့်  ဇာတ်ရုပ်က ပေါ့ပေါ့ပါးပါးသရုပ်ဆောင်ရတော့ ပင်လယ်ထက်ကနေ၀န်းနီက ဝေဠုကျော်က လေးလေးနက်နက်ဇာတ်ရုပ်မို့ ဝေဠုကျော်ဘက်ကို အလေးသာနိုင်ကြောင်းခန့်မှန်းပါတယ်။
ရုပ်ရှင်ဓါတ်ပုံဆုအတွက် ပင်လယ်ထက်က နေ၀န်းနီဇာတ်ကားမှ ပန်းချီစိုးမိုး ရရှိမယ်လို့ထင်ကြောင်း ခန့်မှန်းရေးသားထားပါတယ်ခင်ဗျာ............။
ရုပ်ရှင်၊ စာပေ၊ ဂီတ နယ်ပယ်စုံမှာ ကျွမ်းကျင်နှံ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ခန့်မှန်းရေးသားချက်ဖြစ်တာမို့ စာဖတ်သူများစိတ်ဝင်စားကြမယ်လို့ ယူဆတာကြောင့် ဘလော့ဂ်ပေါ်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
မနက်ဖြန်မှာကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ အပြီးမှာလည်း သတင်းအဖြစ်ရော၊ အမြင်မတော်တာတွေ၊ မကျေနပ်ချက်တွေကိုရော ပို့စ်အဖြစ်တင်ဦးမှာဖြစ်တာမို့ လာရောက်ဖတ်ရှုကြဖို့ လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

အားလုံးကို ကြိုဆိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

                                ဝေမိုးနိုင်(မုံရွာ)

4 comments:

  1. ၂၀၁၀ ခုနှစ်အတွက် စုစုပေါင်း၁၅ကားမှာ အကယ်ဒမီမှန်းနိုင်တာ ၅ကားလောက်ပဲပါတာက အားရဖွယ်ရာမရှိပါဘူး။ ကျန်တဲ့၁၀ကားလောက်က ဟာသဆိုတဲ့ ကလိထိုးဟာသတွေဖြစ်နေတာမို့ တစ်ခေတ်က ဖိုးပါကြီးပါဝင်တဲ့ ဖိုးပြုံးချိုလို ရသပါ ပေးစွမ်းတဲ့ ဇာတ်ကားမျိုး တောင့်တမိပါတယ်။ တန်းဝင်မင်းသားနဲ့ တန်းဝင်ကားတွေနည်းလွန်းတာမို့ ခန့်မှန်းရတာနဲ့ အနီးစပ်ဆုံးသူတွေပဲ ရမှာပါသေချာပါတယ်။

    ReplyDelete
  2. သက်မွန်မြင့်လေးရရင် အစ်မက ကျေနပ်ပါပြီ။
    :)

    ခင်တဲ့
    မြတ်

    ReplyDelete
  3. ဆရာဦးဝင်းငြိမ်းရဲ့ ခန့်မှန်းချက်ကတော့ ကွက်တိကို မှန်တယ်နော်
    လေးစားပါတယ်
    မျှဝေပေးသူဆရာကိုလည်း ကျေးဇူးပါရှင်.

    ReplyDelete
  4. မှန်းထားတဲ့အတိုင်းပဲ.. :)

    ReplyDelete