Wednesday, January 4, 2012

နောင်တ

ခေါ်တုန်းကတော့ 
ထုံမွှမ်းချစ်စိတ်
ရင်ခွင်ရိပ်သို့
တဲအိမ်ရွှေနန်း   စံမြန်းခဲ့သည်။
နှစ်လွှာယှက်စ
ကြင်နာစက
ရဝေရွှေနန်း  
ချစ်ရည်လွှမ်း၍
ရွှင်မြူးကြည်သာ    ပျော်ခဲ့ဖူးသည်။
လင်နဲ့မယား
လျှာနဲ့သွားက
စိတ်ထဲ မသို 
အပြစ်ဆိုရင်း
ကလေးတစ်ပြွတ်  ထွက်ချေဖူးသည်။
မောင်နဲ့ချစ်မ
ရှင်နဲ့ ကျွန်မ
တော်ကြီးနဲ့ ကျုပ်
ရာထူးပြုတ်လို့
တုတ်တစ်ပြက်လည်း   သိုင်းချဖူးသည်။
ကာလရွေ့  လျား
ရှည်ကြာသွားမှ
အသိတစ်ခု 
ခေါင်းထဲ စုသည်
လင်ယူမိတာ  မှားပြီ တကား  ။              ။

ဝေမိုးနိုင်၊မုံရွာ၊

No comments:

Post a Comment