Thursday, January 19, 2012

မြင့်မိုရ်တောင်ရဲ့ အပြုံးပွင့်


ရုတ်တရက်
ဖျတ်ခနဲ
ကြယ်လေးတစ်ပွင့်
လက်ခနဲ တောက်ပသွား
မိုနာလီဇာ ပြုံးခဲ့တာ ကမ္ဘာကျော်သွားခဲ့
မာရီလင်မွန်ရိုးအပြုံးကျတော့
ကာလသားတွေ ရင်ဖိုသတဲ့
ခင်သန်းနုလည်း ပြုံးခဲ့ဖူးတယ်
ချိုပြုံး အပါအ၀င်
စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦးတို့
နှစ်လိုဖွယ် ပြုံးပြခဲ့ကြ
ခုခေတ်ကျတော့
ဝတ်မှုန်ရွှေရည်ပြုံးတာလေးကို
ချစ်ကြသတဲ့
အို........................
သူတို့ အပြုံး ဘယ်လောက်လှလှ
မမီပါဘူးကွယ်
အမေ့ရဲ့ မေတ္တာရည်ရွှမ်းတဲ့ အပြုံးကိုတော့............................။


                                                                               ဝေမိုးနိုင်၊မုံရွာ၊

4 comments:

  1. တုနှိုင်းမမှီတဲ့ အပြုံးပိုင်ရှင်..
    အမေ ဘယ်အချိန် ပြုံးပြုံး သားသမီးတွေ မျက်လုံးထဲ လှနေတယ်...

    ReplyDelete
  2. (မိခင် အပြုံး
    ငါ့တို့အားလုံး
    နှလုံးအေးစေသတဲ့)

    ကဗျာလေးကောင်းတယ်

    ReplyDelete
  3. သိပ်ကို ကောင်းတဲ့ မိခင်အပြုံးလေး..

    ReplyDelete
  4. ကဗျာလေးကိုဖတ်လိုက်ရတာ စိတ်ထဲမှာကြည်နူးသွားတယ်
    မေမေ့အပြုံးလေးကို ပြန်မြင်လိုက်မိတယ်
    အရမ်းကောင်းပါတယ်.....

    ReplyDelete